The network connection is lost.

Banner Image

လီဗာပူးတိုက်စစ်မှူးအီဆက်ခ်နဲ့နှိုင်းယှဉ်ကာ ဟယ်ရီကိန်းအတွက် ပြောင်းရွှေ့ကြေးတန်ဖိုးဖြတ်လိုက်တဲ့ အူလီဟိုးနက်စ်

ဘိုင်ယန်မြူးနစ်အသင်းဂုဏ်ထူးဆောင်ဥက္ကဋ္ဌအူလီဟိုးနက်စ်က ဟာရီကိန်းရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးကို ပေါင်သန်း ၂၀၀ ကျော်အထိ ရှိနိုင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းက ပြီးခဲ့တဲ့နွေရာသီမှာ ဆွီဒင်တိုက်စစ်မှူးအီဆက်ခ်ကို ယူရို ၁၄၅ သန်းဖြင့် ခေါ်ယူခဲ့ပြီး တိုက်စစ်မှူးကိုယ်တိုင်လည်း ရာသီကြိုလေ့ကျင့်မှုအစီအစဉ်တွေနဲ့ လွဲချော်ခဲ့သလို ဒဏ်ရာပြဿနာတွေကြောင့် မာဆေးဆိုဒ်မှာ ထိရောက်တဲ့အကျိုးပြုမှုတွေ မပြသနိုင်သေးပါဘူး။

အီဆက်ခ်က အသင်းသစ်အတွက် ၁၆ ပွဲကစားရာမှာ သုံးဂိုးသာ သွင်းယူထားနိုင်ချိန် ဟယ်ရီကိန်းကတော့ ဘိုင်ယန်မြူးနစ်အတွက် ပွဲ ၄၀ ကစား၊ ၄၈ ဂိုးအထိ သွင်းယူပြီး နောက်ထပ်အံ့အားသင့်စရာကောင်းတဲ့ ရာသီတစ်ခုကို ဖြတ်သန်းနေပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ရဲ့ခြေစွမ်းပိုင်း ကျဆင်းသွားမယ့် အရိပ်အယောင် လုံးဝမရှိသေးဘဲ လာမယ့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ Kicker သတင်းဌာနရဲ့မေးခွန်းတစ်ခု အူလီဟိုးနက်စ်ဆီ ရောက်ရှိလာပါတယ်။

"ကျွန်တော်ကတော့ ဟယ်ရီကိန်းကို ယူရိုသန်း ၁၅၀ (ပေါင် ၁၃၀ သန်း) လောက် တန်မယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ အီဆက်ခ်ကို လီဗာပူးက ယူရို ၁၅၀ သန်းပေးပြီး ခေါ်ခဲ့တာကို ကြည့်လိုက်ဦးလေ။ အကယ်၍ အီဆက်ခ်က သန်း ၁၅၀ တန်တယ်ဆိုရင် ဟယ်ရီကိန်းကတော့ ယူရိုသန်း ၂၅၀ (ပေါင် ၂၁၇ သန်း) လောက်အထိ တန်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။

အသက် ၃၂ နှစ်အရွယ်ဟယ်ရီကိန်းက လာမယ့်ရာသီကုန်အထိ အသင်းနဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးသလို မန်ချက်စတာယူနိုက်တက်လို ထိပ်တန်းအသင်းတွေနဲ့ သတင်းထွက်နေပေမဲ့ အခုနွေရာသီမှာ အသင်းမှ ထွက်ခွာမယ့်ပုံ မပေါ်ပါဘူး။

ဒါပေမဲ့ ဟယ်ရီကိန်းက ကစားသမားဘဝနှောင်းပိုင်းကာလဆီ ရောက်ရှိလာလို့ ဆော်ဒီမှ ငွေကြေးပမာဏများစွာဖြင့် ကမ်းလှမ်းလာမယ့်ကိစ္စအပေါ် စိတ်ပါဝင်သွားမယ့်အရေးကို ဘိုင်ယန်မြူးနစ်အသင်း စိုးရိမ်‌နေတယ်လို့ The Sun သတင်းဌာနမှ ဖော်ပြထားပါတယ်။