The network connection is lost.

Banner Image

ဂိုးပြတ်နိုင်ပွဲနဲ့အတူ ချန်ပီယံပြေးလမ်းမှာ ပြတ်ပြတ်သားသားဦးဆောင်လာတဲ့ အာဆင်နယ်

အာဆင်နယ် ၄-၁ တော့တင်ဟမ် (ပွဲပြီးရလဒ်)

အခုအမ်းမရိတ်စ်ကွင်းမြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ အာဆင်နယ်က အီဇီရဲ့တောက်ပတဲ့ခြေစွမ်းကောင်းနဲ့အတူ ပြိုင်ဘက်ကြီးတော့တင်ဟမ်ကို အပြတ်အသတ်ဖြိုလှဲနိုင်ခဲ့ပါတယ်။ ဂန်းနားတွေအတွက် အဖွင့်ဂိုးကို ထရိုဆက်ဒ်က သွင်းယူခဲ့ပြီး အနိုင်သေချာစေမယ့်သွင်းဂိုးတွေကိုတော့ အီဇီတစ်ဦးတည်းဟက်ထရစ်သွင်းယူခဲ့ပါတယ်။ ဧည့်သည်တော့တင်ဟမ်အတွက် တစ်လုံးတည်းသောချေပဂိုးကိုတော့ တိုက်စစ်ပိုင်းမှာဦးဆောင်လာတဲ့ ရစ်ချာလီဆန်က သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်အနိုင်ရလဒ်နဲ့အတူ အာဆင်နယ်က မန်စီးတီး၊ လီဗာပူးတို့ရဲ့ခြေချော်မှုကို အခွင့်ကောင်းယူပြီး အနီးဆုံးပြိုင်ဘက်ဖြစ်လာတဲ့ ချဲလ်ဆီးကို ခြောက်မှတ်ဖြတ်ကာ အမှတ်ပေးဇယားထိပ်မှာ ပြတ်ပြတ်သားသားဦးဆောင်နိုင်ခဲ့ပါတယ်။