The network connection is lost.

Banner Image

ယူနိုက်တက်စတားကို ချိတ်ဆက်မှုတွေပြုလုပ်နေတဲ့ အင်တာမီလန်

သတင်းတွေအရ အင်တာမီလန်အသင်းဟာ ယူနိုက်တက်တိုက်စစ်မှူး ဇီကာဇီးကို ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ ဇီကာဇီးဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဘိုလော့ဂ်နာအသင်းထံကနေ ပြောင်းလာခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ အထိုင်ကျဖို့ ရုန်းကန်နေရကာ အီတလီမြေကိုပြန်ဖို့များနေပါတယ်။

ဒယ်လိုစပေါ့တ်သတင်းဌာနရဲ့အဆိုအရ အင်တာမီလန်အသင်းဟာ လာမယ့်နွေရာသီမှာ နယ်သာလန်သားကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ အင်တာဟာ ဇီကာဇီးကို ကနဦးအငှား + အပြီးသတ်ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီး တိုက်စစ်မှာ မာတီနက်ဇ် ၊ သူရမ်တို့နဲ့ တွဲဖက်ပေးချင်နေပါတယ်။

ယူနိုက်တက်ဟာ အသက် ၂၃ နှစ်သားကို ပေါင် ၃၆ သန်းပေးချေပြီး ခေါ်ယူခဲ့ပေမယ့် ပထမရာသီမှာတင် တန်ကြေးနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုးပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။ နယ်သာလန်သားဟာ ပရီးမီးယားလိဂ် ၃၂ ပွဲမှာ ၃ ဂိုးသာသွင်းယူထားနိုင်ခဲ့ပြီး ဒဏ်ရာတွေနဲ့သာ နပန်းလုံးနေခဲ့ရတာဖြစ်ပါတယ်။ အာမိုရင်ကလည်း လာမယ့်ရာသီမှာ အသင်းလူအင်အားကို ပြန်လည်ပြင်ဆင်ဖို့ စီစဉ်နေပြီး မလိုအပ်တဲ့ကစားသမားတွေကို ရောင်းထုတ်ဖွယ်ရှိနေပါတယ်။

အင်တာ နဲ့ ယူနိုက်တက်တို့ဟာ ဖိုင်နယ်တွေကန်ရမှာဖြစ်တာကြောင့် အပြောင်းအရွှေ့က အနည်းငယ်ကြန့်ကြာဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ဟာ အခုရာသီကို ယူရိုပါလိဂ်ဖလားနဲ့အဆုံးသတ်နိုင်ဖို့ ပစ်မှတ်ထားနေပြီး လက်ရှိအမှတ်ပေးဇယားရပ်တည်မှုက တန်းဆင်းဇုန်ရဲ့အထက်မှာ ရပ်တည်နေပါတယ်။