The network connection is lost.

Banner Image

ဗင်နီဇီယာကို အနိုင်ရရှိတဲ့ပွဲစဉ်မှာ ကိုမို ကံကောင်းခဲ့တယ်လို့ ဖာဘရီဂတ်စ်ဝန်ခံ

ဗင်နီဇီယာကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ တနင်္ဂနွေနေ့စီးရီးအေပွဲစဉ်မှာ သူ့ရဲ့အသင်း ကံကောင်းခဲ့တယ်လို့ ကိုမိုနည်းပြဖာဘရီဂတ်စ်က ဝန်ခံပြောကြားခဲ့ပါတယ်။

လူးကပ်စ်ဒါကွန်ညာရဲ့ပင်နယ်တီသွင်းဂိုးနဲ့အတူ ခြေစွမ်းပြနေတဲ့ ဖာဘရီဂတ်စ်ရဲ့အသင်းက ဗင်နီဇီယာကို ကျော်ဖြတ်နိုင်ခဲ့ပြီး အမှတ်ပေးဇယာထိပ်ဆုံးလေးနေရာဆီ ဝင်ရောက်လာပါတယ်။

ဒါပေမဲ့ အခုပွဲစဉ်အတွက် စိတ်လှုပ်ရှားစရာ အလှည့်အပြောင်းတွေလည်း ရှိနေခဲ့ပါတယ်။ လူးဝစ်မီလာပါဝင်ပတ်သက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုမှတဆင့် ကိုမိုက ပြိုင်ဘက်ဆီ ပင်နယ်တီ ပေးလိုက်ရပေမဲ့ VAR ပြန်လည်စစ်ဆေးမှုအပြီးမှာတော့ ကွင်းတွင်း ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပေးခဲ့ပါတယ်။

TuttoMercatoWeb နဲ့ တွေ့ဆုံချိန် ဖာဘရီဂတ်စ်က သူ့ရဲ့အသင်း ဘယ်လောက်ကံကောင်းခဲ့သလဲဆိုတာကို အသိအမှတ်ပြုဝန်ခံခဲ့ပါတယ်။

သူက "ကျွန်တော်ကြည့်လိုက်ချိန်မှာတောင် ဒါ ပင်နယ်တီပဲလို့ ထင်ခဲ့မိပါတယ်" လို့ ဝန်ခံပါတယ်။

"ဒီနေရာဆီမလာခင်မှာ ဒါကို ပင်နယ်တီဟုတ်မဟုတ် ကျွန်တော် မေးကြည့်ခဲ့ပါသေးတယ်။ ဒါ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ လူးဝစ်မီလာက သူ့ရဲ့လက်ကို မလှုပ်ရှားဘဲ ဖယ်ထုတ်ဖို့ ကြိုးစားခဲ့လို့ ပင်နယ်တီမဟုတ်ဘူးလို့ ကျွန်တော့်ဆီ ပြောပြခဲ့ကြပါတယ်"

"ကျွန်တော့်အမြင်မှာတော့ ဒါက ပင်နယ်တီ ဖြစ်နေခဲ့ပြီး ကျွန်တော်တို့ ကံကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်ထက် ပိုနားလည်တဲ့ ကျွမ်းကျင်သူတွေကတော့ ဒါကို ပင်နယ်တီ မဟုတ်ဘူးလို့ ပြောခဲ့ကြပါတယ်။ ကျွန်တော်တို့ ရခဲ့တဲ့ ပင်နယ်တီလား? ဒါတော့ ပိုပြီး ရှင်းလင်းပါတယ်"

"အကယ်၍ ဘောလုံးသာ ဒူဗီကတ်စ်ဆီရောက်သွားပြီး ပြစ်ဒဏ်ကျူးလွန်ခံရခြင်းမရှိရင် သေချာပေါက် ဂိုးဝင်သွားပါလိမ့်မယ်။ ရိုးရိုးသားသားပြောရရင် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။