The network connection is lost.

Banner Image

နယူးကာဆယ်ကို အရေးနိမ့်ပြီးနောက် ယူနိုက်တက်ပရိသတ်တွေထံ မက်ဆေ့ချ်ပေးပို့လိုက်တဲ့ ယိုရို

တနင်္ဂနွေနေ့တုန်းက နယူးကာဆယ်ကို ၄-၁ နဲ့အရေးနိမ့်ပြီးနောက် အွန်နရီထံကနေ ဝေဖန်မှုရရှိခဲ့ပြီးနောက် ယူနိုက်တက်နောက်ခံလူ ယိုရိုက အသင်းပရိသတ်တွေထံ မက်ဆေ့ချ်ပေးပို့လိုက်ပါတယ်။ အွန်နရီဟာ အဆိုပါပွဲအတွင်း အသက် ၁၉ နှစ်သားနောက်ခံလူရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဂန္ထဝင်ဟောင်းက ဟာဘေးဘန်းစ်ရဲ့ဒုတိယဂိုးမှာ ယိုရိုရဲ့ body language ကို ဦးတည်ထောက်ပြခဲ့ပါတယ်။ ယိုရိုတစ်ယောက် အဆိုပါဂိုးမှာ စည်းကြပ်ဒိုင်ရဲ့ လူကျွံဘောထောင်တာကို ရပ်ကြည့်နေခဲ့တာဖြစ်ပြီး တားဆီးခြင်းမရှိခဲ့တာဖြစ်ပါတယ်။

“ယိုရိုကို ထောက်ပြချင်ပါတယ်။ ပထမဆုံး နဲ့ နောက်ဆုံးအနေနဲ့ ပြောရရင် သူက လူကျွံဘောရဖို့ ကစားနေတာပါ။ ဘန်းစ်ရဲ့ကောင်းမွန်တဲ့အဆုံးသတ်ကို မြင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျေးဇူးပြုပြီး ယိုရိုကို ပြပေးပါ။ သူဘာကိုတောင်းဆိုနေတာလဲ ရပ်လိုက်ပါဗျ။ သူဘာကိုကြည့်နေလဲဆိုတာကို ကျွန်တော်မသိပါဘူး။ ဘာကိုကြည့်နေတာလဲဗျ?။ ကျွန်တော် မသိတော့ပါဘူး။ အဲ့ဂိုးကို လူကျွံဘောလို့ ထင်နေတာလား ကျွန်တော်မသိပါဘူး။ အဲ့တာက ဂိုးအဖြစ်သတ်မှတ်တယ်ဆိုတာကို လူတိုင်းသိနေပါတယ်။ သူဘာကိုကြည့်နေလဲဆိုတာ ကျွန်တော်တကယ်မသိပါဘူး။ကျွန်တော် အဲ့တာမျိုး မမြင်ဖူးပါဘူး”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ ဖာဒီနန်က ယိုရိုတစ်ယောက် တိုးတက်လာတဲ့အနေအထားတွေမြင်နေရတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ “သူ့အတွက် ခက်ခဲတဲ့စတင်မှုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လူငယ်ကစားသမားတွေအနေနဲ့ အခုလိုမျိုးပဲ လုပ်ဆောင်ရမှာပါ။ တကယ်လို့ သူတို့စွမ်းဆောင်ရည်ကောင်းတွေပြနိုင်တယ်ဆိုရင် ယုံကြည်မှုတက်လာပြီး မပြနိုင်ရင်တော့ ယုံကြည်မှုကျဆင်းပါတယ်။ ယူနိုက်တက်ကိုပြောင်းလာတဲ့ကစားသမားတွေထဲမှာ အားနာမိတဲ့ကစားသမားကို ပြောချင်ပါတယ်။ အဲ့တာက ဘရူနိုပါ။ သူ့အနေနဲ့ သူ့အမှားတွေသိသလို အမှားတွေကနေလည်း သင်ယူဖို့ ကြိုးစားပါတယ်။ အဲ့တာကို ကျွန်တော်မြင်ရပါတယ်။ တစ်ဦးချင်းအနေအထားတွေမှာ အမှားတွေရှိပေမယ့် ကျွန်တော် သူ့ကိုထောက်ပြခဲ့တာတွေရှိပါတယ်။ သူ့အနေနဲ့ ဖြည်းဖြည်းချင်းသင်ယူနေပြီး လူတွေနဲ့ အချိတ်အဆက်လည်းရှိလာပါပြီ။အနည်းငယ်သော အသေးစိတ်လေးတွေကနေ စတင်လုပ်ဆောင်နေပြီး သူတိုးတက်လာတယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။