The network connection is lost.

Banner Image

အာမိုရင်ရဲ့ ပြောစကားတွေက သူ့ကိုယုံကြည်မှုရှိစေပါတယ်လို့ ပြောကြားလိုက်တဲ့ ယိုရို

ပြင်သစ်ကလပ်လိုင်လီမှ နွေရာသီတွင် ယူနိုက်တက်သို့ ပြောင်းရွှေ့လာပြီးနောက် ယိုရိုရဲ့ ယူနိုက်တက် ကစားသမားဘဝက ရာသီသစ်မတိုင်မီ ဒဏ်ရာကြောင့် နှောင့်နှေးခဲ့ရသော်လည်း လူငယ်ခံစစ်မှူးဟာ ယခုအခါ လုံးဝပြန်လည်ကောင်းမွန်လာပြီး ပွဲစဉ်များတွင် ပါဝင်ကစားခြင်းဖြင့် ယူနိုက်တက်တွင် ပိုမိုပေါင်းစည်းနိုင်ခဲ့ပါတယ်။

အမ်မိုရင်က ၁၉ နှစ်အရွယ် ယိုရိုကို ဒီဇင်ဘာလ အာဆင်နယ် နှင့် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲတွင် ပွဲဦးထွက်ပေးခဲ့ပြီး နောက်ထပ် ၁၅ ပွဲအထိ နည်းပြရဲ့ ခံစစ်မှူးသုံးယောက်ထဲမှ တစ်ဦးအဖြစ် ပါဝင်ခဲ့ပါတယ်။ ထိုပွဲများတွင် မန်စီးတီး၊ လီဗာပူးတို့အပြင် အာဆင်နယ်နှင့် ကစားခဲ့ အက်ဖ်အေဖလားပွဲလည်း ပါဝင်နေပါတယ်။

ပြင်သစ်နိုင်ငံသားဟာ ထိုကဲ့သို့ပွဲကြီးတွေက အတွေ့အကြုံရဲ့ အကျိုးကျေးဇူးများနှင့် ပေါ်တူဂီနိုင်ငံသားနည်းပြနှင့် သူ၏ ဆက်ဆံရေးအကြောင်း ပြောကြားခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်တွင် ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအတွင်း သူ့ရဲ့ကစားဟန်နှင့် ပတ်သက်၍ မကြာသေးမီက နည်းပြရဲ့ ပြောကြားချက်ကို ယိုရိုက ပြောခဲ့ပါတယ်။ နည်းပြက သူ့ကို တကယ့်ကို မြန်ဆန်တဲ့သူ နှင့် ခေတ်မီခံစစ်မှူးတစ်ဦးအဖြစ် ပြောကြားခဲ့ပြီး ဖိအားပေးကစားတဲ့အချိန်၊ တိုက်စစ်မှူးမျာနှင့် တစ်ဦးချင်း ယှဉ်ပြိုင်ရတဲ့အချိန်တွေက အရမ်းကောင်းတယ်လို့ပါ ပြောခဲ့တာပါ။

"တကယ်တော့ ဒါက ကျွန်တော့်အတွက် ကောင်းပါတယ်။ ဒါက ကောင်းတဲ့ထင်မြင်မှုပါ။ကျွန်တော်က ကွင်းထဲမှာ သူပြောတာကို လုပ်ဖို့ လိုပါတယ်" "ကျွန်တော်က ဒါကို ယုံကြည်တယ် ကျွန်တော့်ရဲ့ စွမ်းဆောင်ရည် ၁၀၀ ရာခိုင်နှုန်း မဟုတ်ပေမယ့် အချိန်နဲ့ အတွေ့အကြုံရှိလာရင် ဖြစ်လာမယ်ဆိုတာ ကျွန်တော် သိပါတယ်" လို့ ယိုရိုက ပြောပါတယ်။ ထို့ကြောင့် လူငယ်ကစားသမားဟာ အမ်မိုရင်ရဲ့အကူအညီဖြင့် သူ့ရဲ့အပြည့်အဝ လုပ်ဆောင်နိုင်မှုသို့ ရောက်ရှိရန် စိတ်ပိုင်းဖြတ်ထားကြောင်း ရှင်းရှင်းလင်းလင်း သိရပါတယ်။ သူက ကလပ်အသစ်၊ နိုင်ငံအသစ်နှင့် လိဂ်အသစ်တွင် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နေစဉ် ရေရှည်ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာရန် ကြိုးစားနေပါတယ်။

ကလပ်မီဒီယာနှင့် အင်တာဗျူးတွင် ယိုရိုက နည်းပြရဲ့ ဆက်သွယ်ရေးနှင့် စိတ်ဝင်စားဖွယ်ကောင်းတဲ့ စီမံခန့်ခွဲမှုဟန်ကို ချီးကျူးခဲ့ပါတယ်။ ထိုအရာဟာ နည်းပြရဲ့ ကိုယ်ပိုင်ကစားသမားဘဝအတွေ့အကြုံများကြောင့် ဖြစ်တယ်လို့ သူက ယုံကြည်နေပါတယ်။ "သူက ကလပ်ကို ရောက်လာတဲ့အခါ သူနဲ့ စကားပြောခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တွေးမိတာက ဒါက ကစားသမားတွေနဲ့ စကားပြောရတာ ကြိုက်တဲ့ ကစားသမားတွေနဲ့ ဆက်ဆံရေး ကောင်းအောင် လုပ်ရတာ ကြိုက်တဲ့ နည်းပြတစ်ယောက်ပါ"

"သူက ကျွန်တော်တို့ကို အများကြီး နားလည်တယ် ဘာလို့လဲဆိုတော့ သူကိုယ်တိုင်က ကစားသမားတစ်ယောက် ဖြစ်ခဲ့လို့ပါ။ ဒါကြောင့် ကစားတဲ့အခါဖြစ်ဖြစ် မကစားတဲ့အခါဖြစ်ဖြစ် ရလဒ်ဆိုးတဲ့အခါ ဘယ်လိုခံစားရတယ်ဆိုတာ သူသိပါတယ်။ သူက ဒါကို စီမံခန့်ခွဲတတ်တယ် ဒါက အရေးအကြီးဆုံးပါလို့ ကျွန်တော်ထင်တယ်" "နည်းဗျူဟာအရ သူက အဆင့်မြင့်တယ်။ ကျွန်တော်တို့မှာ အားလုံးကို သင်ယူဖို့ လေ့ကျင့်ခန်း အများကြီး မလုပ်ရပေမယ့် ပွဲမတိုင်မီ အသင်းရဲ့ အကောင်းဆုံးပုံစံ ၁၀၀ ရာခိုင်နှုန်း ဖြစ်အောင် လုပ်ဖို့ သူက ကြိုးစားတယ်။ သူက ကျွန်တော်တို့နဲ့အတူရှိပြီး ကျွန်တော်တို့ကလည်း သူနဲ့အတူရှိတယ်ဆိုတာ သိတယ် ဒါကြောင့် ကောင်းပါတယ်" လို့ ခံစစ်မှူးက ပြောပါတယ်။

ကံမကောင်းစွာပဲ ယိုရိုက တနင်္ဂနွေနေ့က တော့တင်ဟမ်အား ရှုံးနိမ့်ခဲ့တဲ့ပွဲတွင် အာမိုရင်ရဲ့အသင်းတွင် ပါဝင်ခြင်းမရှိခဲ့ပါဘူး။သို့သော်လည်း နည်းပြရဲ့ ပြောကြားချက်အရ အသင်းရဲ့ နံပါတ် ၁၅ ဟာ စနေနေ့ အဲဗာတန်နှင့် ပွဲမှာ ပြန်လာနိုင်ကြောင်း သိရပါတယ်။