အန်ဖီးလ်မှာ တစ်မှတ်စီခွဲဝေယူခဲ့တဲ့ လီဗာပူးနဲ့ နော်တင်ဟမ်ဖောရက်စ်
လီဗာပူး ၂-၂ နော်တင်ဟမ်ဖောရက်စ် (ပွဲပြီးရလဒ်)
ရာသီအဖွင့်ပွဲစဉ်မှာ နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ကလပ်အသင်းနှစ်ခုရဲ့ အန်ဖီးလ်ကွင်းတိုက်ပွဲက အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဖွင့်ဂိုးကိုတော့ ဧည့်သည်နော်တင်ဟမ်ဖောရက်စ် ရရှိခဲ့ပြီး အန်ဒိုယီက ပထမပိုင်းပွဲချိန်မှာ သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာတော့ လီဗာပူးတို့ တိုက်စစ်မြှင့်လာခဲ့ပြီး အီဆက်ခ်ရဲ့ချေပဂိုးကို ရရှိခဲ့ပေမဲ့ နော်တင်ဟမ်ဖောရက်စ်က ဂစ်ဝှိုက်ရဲ့ပင်နယ်တီသွင်းဂိုးနဲ့အတူ ပွဲစဉ်ကို ပြန်လည်ဦးဆောင်ခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာတော့ လီဗာပူးအတွက် ချေပဂိုးကို မူနော့ဇ်သွင်းယူပေးခဲ့လို့ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။