မန်စီးတီးရင်ဆိုင်နေရတဲ့ စွဲချက်တွေနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ မော်ရင်ဟို
မန်စီးတီးအသင်းရင်ဆိုင်နေရတဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုစွဲချက်တွေအပြင် အကျင့်ပျက်ခြစားမှုဆိုင်ရာကိစ္စတွေနဲ့စပ်လျဉ်းလို့ သူ့ရဲ့အတွေ့အကြုံအကြောင်းကို ရီးရဲလ်မက်ဒရစ်နည်းပြဟိုဆေးမော်ရင်ဟိုက ထုတ်ဖော်ပြောဆိုလာပါတယ်။
၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအကြား ကာလကို လွှမ်းခြုံထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုစွဲချက် ၁၁၅ ခုနဲ့အတူ မန်စီးတီးကို ပရီးမီးယားလိဂ်က စွဲချက်တင်ခဲ့ပါတယ်။ ဒီစွဲချက်တွေမှာ ဘဏ္ဍာရေးဆိုင်ရာအစီရင်ခံမှု၊ စပွန်ဆာဝင်ငွေ၊ ကစားသမားတွေနဲ့ နည်းပြတွေအတွက် လုပ်ခလစာပေးချေမှုတွေအပြင် ဝင်ငွေဖောင်းပွစေမယ့် ဟန်ပြစာချုပ်ကိစ္စတွေလည်း ပါဝင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းဘက်ကတော့ အမှားအယွင်း တစုံတရာမရှိဘူးလို့ တစိုက်မတ်မတ် ငြင်းဆိုထားပြီး စီရင်ချက်အပေါ် အယူခံဝင်ထားပါတယ်။ လာမယ့်ဇန်နဝါရီလအတွင်းမှာတော့ မန်စီးတီးရဲ့အယူခံမှုရလဒ် ထွက်ပေါ်လာနိုင်ပါတယ်။
လောလောဆယ်တော့ ပရီးမီးယားလိဂ်ဘက်က ဘယ်လိုပြစ်ဒဏ်မျိုးချမှတ်မလဲဆိုတာ မထုတ်ပြန်ထားသေးပါဘူး။ ဒါပေမဲ့ ဘောလုံးအသိုင်းအဝိုင်းကတော့ ဒဏ်ငွေချမှတ်တာ၊ ရမှတ်လျှော့ချတာနဲ့ ပရီးမီးယားလိဂ်မှထုတ်ပယ်တာတွေအထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။
အခုသီတင်းပတ်အတွင်း ဒီအငြင်းပွားမှုနဲ့ပတ်သက်လို့ မေးမြန်းရာမှာ မော်ရင်ဟိုက ၂၀၀၁ ခုနှစ်မှ ၂၀၀၈ ခုနှစ်ကြား စပိန်ဒိုင်လူကြီးကော်မတီအကြီးအကဲနီဂရဲရာနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေဆီ ဘာစီလိုနာအသင်းရဲ့ငွေပေးချေမှုတွေနဲ့ဆက်စပ်ကာ သုံးသပ်ပြောကြားခဲ့ပါတယ်။
"ကျွန်တော်ကတော့ နည်းနည်းလောက်ရယ်မောရုံပဲ ပိုသဘောကျပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆုံးသတ်တစ်ခုတော့ ရှိလာလိမ့်ဦးမယ်လို့ ယူဆထားလို့ပါပဲ။ ဒါပေမဲ့ အသက် ၆၀ ကျော်အရွယ်တွေဖြစ်နေကြတဲ့ ကျွန်တော်တို့တွေအတွက် နောက်ဆုံးစီရင်ချက်ထွက်ပေါ်လာချိန်အထိ သက်ရှိထင်ရှားဆက်ရှိနေဖို့ဆိုတာ ကံကောင်းနေဖို့တော့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ အခု စီရင်ချက်ထွက်လာမယ်ဆိုရင်တောင် နောက်ထပ်အယူခံဝင်မှုတွေ ထပ်ရောက်လာဖို့ ရှိနေလို့ပါ..." လို့ Corriere dello Sport ကို မော်ရင်ဟိုက ပြောပါတယ်။ သူ့ရဲ့မှတ်ချက်တွေက ထိပ်တန်းကလပ်အသင်းတွေနဲ့ပတ်သက်တဲ့ စည်းကမ်းထိန်းသိမ်းရေးအမှုတွေကိုစီရင်ဖို့ အချိန်အကြာကြီးယူနေရတဲ့ လုပ်ငန်းစဉ်အပေါ် ဘောလုံးလောကအတွင်း စိတ်ပျက်လက်ပျက်အားမလိုအားမရဖြစ်မှုတွေ ကြီးထွားလာနေတယ်ဆိုတာကို မီးမောင်းထိုးပြသနေပါတယ်။
အဲဒီနောက် မော်ရင်ဟိုက အကျင့်ပျက်ခြစားမှုဆိုင်ရာကိစ္စနဲ့ပတ်သက်လို့ သူ့ရဲ့အတွေ့အကြုံကို နှိုင်းယှဉ်ပြောကြားခဲ့ပါတယ်။ "ကျွန်တော် ရီးရဲလ်မက်ဒရစ်ဆီ စရောက်လာချိန် နီဂရဲရာအမှုရဲ့အရေးအပါဆုံးအချိန်ကာလတွေကို ဖြတ်သန်းခဲ့ရပါတယ်။ ဘယ်သူမှ ဒါကို မသိခဲ့ကြပေမဲ့ ကျွန်တော်တို့ကတော့ ဒါကို လက်တွေ့ကြုံခဲ့ရတာပါ။ အဲဒီနောက် ကျွန်တော်ထွက်ခွာသွားခဲ့ပြီး အခုတော့ ဒါကို အားလုံးသိသွားကြပါပြီ။ ဒါပေမဲ့ တူရကီမှာဖြစ်ခဲ့တဲ့ အရှုပ်တော်ပုံကြီး... အဲဒီနောက်ပိုင်း ဒီလိုအခြေအနေတွေဆိုတာ ကျွန်တော့်ဆီမှာ မကြာခဏ ဖြစ်ပျက်ခဲ့ပါတယ်" လို့ အကျဉ်းစံသွားတဲ့ တူရကီဒိုင်လူကြီးကော်မတီအကြီးအကဲရည်ညွှန်းရင်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းရဲ့ငွေပေးချေမှုတွေ ပြုလုပ်နေချိန် နီဂရဲရာက စပိန်ဒိုင်လူကြီးလောကရဲ့ ဒုတိယအကြီးအကဲတာဝန် ယူထားခဲ့ပြီး မော်ရင်ဟိုရဲ့နှိုင်းယှဉ်ချက်ကြောင့် ဘောလုံးလောကမှာ အကျင့်ပျက်ခြစားမှုတွေ ရပ်တန့်မသွားဘဲ ဝင်ငွေဖောင်းပွအောင်လုပ်ဆောင်မှုနဲ့ အခြားနည်းလမ်းတွေမှတစ်ဆင့် မသမာမှုပြုလုပ်ဖို့ လမ်းကြောင်းပြောင်းလဲသွားခဲ့ရုံသာ ဖြစ်တယ်ဆိုတာ ပြသနေပါတယ်။