ပါနာသီယာကို့စ်အသင်းမှာ ဘင်နီတက်ဇ်နေရာကို အစားထိုးဝင်ရောက်မယ့် ကိုပင်ဟေဂင်နည်းပြဟောင်းနီးစထရပ်
ပါနာသီယာကို့စ်အသင်းက ဂျက်ကော့ဘ်နီးစထရပ်ကို နှစ်နှစ်သက်တမ်းရှိစာချုပ်ဖြင့် နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
စပိန်လူမျိုးနည်းပြဘင်နီတက်ဇ်က အသင်းကို ခုနစ်လကြာ တာဝန်ယူကိုင်တွယ်ပြီးနောက် မေ ၂၄ ရက်မှာပဲ ပင်နာသီယာကို့စ်နည်းပြရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး ဂရိမြေနည်းပြဘ၀ကျင်လည်မှုကို အဆုံးသတ်လိုက်ရပါတယ်။
ဘင်နီတက်ဇ်ဟာ အေသင်ကလပ်ကို အောက်တိုဘာလအတွင်း နှစ်နှစ်ခွဲစာချုပ်ဖြင့် စတင်တာဝန်ယူခဲ့ပြီး ဂရိစူပါလိဂ်မှာ အဆင့် ၄ နေရာအထိ ပို့ဆောင်ပေးနိုင်ခဲ့သလို ယူရိုပါလိဂ်မှာလည်း ၁၆ သင်းရှုံးထွက်အဆင့်အထိ ရောက်ရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
နီးစထရပ်ကတော့ ကိုပင်ဟေဂင်အသင်းမှ ထုတ်ပယ်ခံရပြီးနောက်ပိုင်း နှစ်လလောက်အထိ ကလပ်အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။ သူက ကိုပင်ဟေဂင်အသင်းကို ဒိန်းမတ်လိဂ်ချန်ပီယံဆု နှစ်ကြိမ်၊ ဒိန်းမတ်ဖလား နှစ်ကြိမ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်အထိ ရောက်ရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။