
ယူနိုက်တက်နဲ့ပွဲမတိုင်ခင် အာဆင်နယ်အသင်းထံ မက်ဆေ့ချ်ပေးပို့လိုက်တဲ့ ဘီလ်ဘာအိုစတား
အာဆင်နယ်ပစ်မှတ် ဘီလ်ဘာအိုစတား နီကိုဝီလီယံက ယူနိုက်တက်နဲ့ပွဲမတိုင်ခင် သူ့အနာဂတ်နဲ့ပတ်သက်ပြီး အရိပ်အမြွက်ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ဟာ တောင်ပံနေရာအတွက် ဝီလီယံကို ပစ်မှတ်ထားနေတာကြာမြင့်နေပြီဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးတာဖြစ်ပါတယ်။
ဘာစီလိုနာဟာ စပိန်သားကို အသည်းအသန်စိတ်ဝင်စားခဲ့ပြီး စာချုပ်ဖျက်သိမ်းပေါင် ၄၈ သန်းရှိနေတာဖြစ်ပါတယ်။ ဒဏ်ရာပြဿနာတွေရှိနေပေမယ့်လည်း ဝီလီယံဟာ ဒီရာသီပြိုင်ပွဲစုံ ၁၁ ဂိုးသွင်း ၊ ၇ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ စပိန်သားဟာ ယူရိုပါလိဂ်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပြီးခဲ့တဲ့ကြာသပတေးနေ့ညတုန်းက သူ့ရဲ့ဂိုးနဲ့ ရိန်းဂျားစ်ကို ၂-၀ နဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဘီလ်ဘာအိုဟာ ယူနိုက်တက်နဲ့ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမှာဖြစ်ပြီး နောက်ဆုံးဖိုင်နယ်ကို ကစားဖို့အခွင့်အရေးရှိနေတာဖြစ်ပါတယ်။ ဝီလီယံက ယူနိုက်တက်ဟာ သူ့အတွက် စိန်ခေါ်မှုအဖြစ် ရှုမြင်မထားပဲ ဒီရာသီယူရိုပါလိဂ်ဖလားရယူနိုင်ဖို့သာ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
“ကလေးတိုင်း အိုးထရက်ဖို့ဒ်မှာ ကစားချင်ပါတယ်။ ကျွန်တော်တို့ ယူရိုပါလိဂ်ဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ လာမယ့်နှစ်ကို ချန်ပီယံလိဂ်ကန်ချင်ပါတယ်။ တစ်ဆင့်ချင်းသွားရမှာပါ။
ကျွန်တော်တို့ ဖြည်းဖြည်းမှန်မှန်သွားနေပါတယ်။ အကောင်းဆုံးလုပ်ဆောင်ထားနိုင်ပါတယ်။ ဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီအသင်းက လုံးဝအံ့ဖွယ်ပါ။ ကျွန်တော်တို့ ဒီနိုင်ပွဲအတွက် အောင်ပွဲခံရပါမယ်။ ဒီအသင်းက ဘယ်သူထက်မဆို ထိုက်တန်ပါတယ်။ ကျွန်တော်တို့ ဖိုင်နယ်ကိုတက်ရောက်နိုင်ဖို့ နည်းနည်းပဲ လိုပါတော့တယ်”လို့ ဝီလီယံက ပြောကြားခဲ့ပါတယ်။
ဝီလီယံဟာ အက်သလက်တစ်နဲ့အတူ ချန်ပီယံလိဂ်ကန်ချင်နေပြီး စာချုပ်ဖျက်သိမ်းကြေးလည်းရှိနေတာဖြစ်ပါတယ်။ ဘာစီလိုနာဟာ လာမယ့်နွေမှာ ဝီလီယံကိုခေါ်ယူဖွယ်မရှိတော့တာကြောင့် အာဆင်နယ်က ထိပ်ဆုံးက ရေပန်းစားနေပါတယ်။ အာဆင်နယ်အားကစားဒါရိုက်တာ ဘာတာကတော့ ဝီလီယံရဲ့တာဝန်ရှိသူတွေနဲ့ ဆွေးနွေးထားပြီးဖြစ်ပါတယ်။ အသက် ၂၂ နှစ်သားကို အာဆင်နယ်အပြင် ချဲလ်ဆီး နဲ့ ဘိုင်ယန်တို့ကလည်း စိတ်ဝင်စားနေပါတယ်။
အာဆင်နယ်ဟာ လာမယ့်နွေမှာ လူအင်အားဖြည့်တင်းမှာဖြစ်ပြီး တောင်ပံ ၊ တိုက်စစ် နဲ့ ကွင်းလယ်လူတစ်ဦးစီခေါ်ယူမှာဖြစ်ပါတယ်။ အခုအပတ်အစောပိုင်းတုန်းက အာတီတာက မိမိတို့အသင်းအနေနဲ့ အခုနွေရာသီမှာ ဘယ်ကစားသမားကိုမဆို ဆွဲဆောင်နိုင်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။