The network connection is lost.

Banner Image

ဒွန်နာရမ်မာကို အသင်းလူစာရင်းမှ ဘာကြောင့်ချန်လှပ်ထားခဲ့ရသလဲဆိုတာ ရှင်းပြလိုက်တဲ့ လူးဝစ်အင်းနရစ်

ပီအက်စ်ဂျီရဲ့ချန်ပီယံလိဂ်အောင်ပွဲခရီးလမ်းမှာ သူရဲကောင်းတစ်ဦးဖြစ်ခဲ့တဲ့ ဒွန်နာရမ်မာကို အသင်းလူစာရင်းမှ ချန်လှပ်ထားရန်ဆိုတဲ့ အငြင်းပွားဖွယ်ဆုံးဖြတ်ချက်အတွက် တာဝန်အပြည့်အဝယူသွားဖို့ နည်းပြအင်းနရစ်က ဆုံးဖြတ်ထားပါတယ်။ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းတိုးဖို့ ဒွန်နာရမ်မာ ငြင်းဆန်ထားပေမယ့် လူးဝစ်အင်းနရစ်ကတော့ အီတာလျံသားနေရာမှာ ပြင်သစ်လက်ရွေးစင်ဂိုးသမားလူးကပ်စ်ချီဗာလီယာနဲ့ အစားထိုးမှုဟာ နည်းစနစ်ပိုင်းဆိုင်ရာဆုံးဖြတ်ချက်တစ်ခုသာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။

တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့် ဥရောပစူပါဖလားဖိုင်နယ်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ လူးဝစ်အင်းနရစ်က “ ဒွန်နာရမ်မာနဲ့ပတ်သက်ပြီး ကောင်းကြောင်းတွေပဲ ပြောပြနိုင်ပါတယ်။ သူက ဂိုးသမားနေရာနဲ့ပတ်သက်လို့ အကောင်းဆုံးစာရင်းဝင်တစ်ဦးဖြစ်တယ်ဆိုတာ သံသယမရှိလိုက်ပါနဲ့။ လူပုဂ္ဂိုလ်တစ်ဦးအနေနဲ့ဆိုရင် ဒီထက်တောင် ပိုကောင်းပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဂိုးသမားနေရာအတွက် မတူညီတဲ့ပုံရိပ်တစ်ခုကို ရှာဖွေနေပါတယ်”လို့ ပြောပါတယ်။

ပီအက်စ်ဂျီက လိုင်လီဂိုးသမားချီဗာလီယာကို ပြောင်းရွှေ့ကြေးယူရို ၅၅ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။ ဒါ့အပြင် အူဒီနီးစ်မြို့မှာ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ဒွန်နာရမ်မာမပါဝင်လာလို့ ပါရီအခြေစိုက်ကလပ်အသင်းမှာ အသက်-၂၃ နှစ်အရွယ်ဂိုးသမား  ပွဲဦးထွက်ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ ယမန်နေ့(အင်္ဂါနေ့)မှာတော့ အီတာလျံဂိုးသမားဒွန်နာရမ်မာက ပီအက်စ်ဂျီမှထွက်ခွာမယ်လို့ အတည်ပြုခဲ့ပါတယ်။ အေစီမီလန်အကယ်ဒမီထွက်ကစားသမားက မန်စီးတီးဆီပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိပြီးပြီလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။