
ကွန်ပနီကို ယုံကြည်ဖို့ တိုက်တွန်းလိုက်တဲ့ ဘိုင်ယန်ဂန္ထဝင် ဖီးလစ်လန်း
ဘိုင်ယန်ဂန္ထဝင်ဟောင်း ဖီးလစ်လန်းက အသင်းတာဝန်ရှိသူတွေအနေနဲ့ ကွန်ပနီကို ယုံကြည်သင့်ပြီး မထုတ်ပယ်ဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒါ့အပြင် လန်းက ကွန်ပနီလက်အောက် ကိန်း နဲ့ အသင်းသားတွေဟာ ဂွါဒီယိုလာလက်အောက်မှာထက် လွတ်လပ်တယ်လို့ ထင်မြင်နေပါတယ်။
လန်းဟာ ဂွါဒီယိုလာလက်အောက်မှာ အလုပ်အတူတူတွဲလုပ်ဖူးတာဖြစ်ပြီး ၃ နှစ်တာအတွင်းမှာ အောင်မြင်မှုတွေရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ကွန်ပနီဟာ ဂွါဒီယိုလာလက်အောက်မှာ အသင်းခေါင်းဆောင်အဖြစ် မန်စီးတီးအသင်းကို ဦးဆောင်ခဲ့ကာ အခုတော့ ဘိုင်ယန်အသင်းကို နည်းပြလုပ်နေတာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံသားအနေနဲ့ ဘွန်ဒက်စ်လီဂါချန်ပီယံဆုရယူနိုင်ဖို့ လမ်းကြောင်းပေါ်မှာရှိနေပေမယ့် အသက် ၃၈ နှစ်သားအနေနဲ့ ရယူနိုင်ပါ့မလားဆိုတာ သံသယရှိနေကြပါတယ်။
အက်သလက်တစ်သတင်းဌာနနဲ့အင်တာဗျူးမှာ “အဲ့တာက ယေဘုယျအားဖြင့် မော်ဒလန်ဘောလုံးပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး နည်းပြဟောင်း ဂွါဒီယိုလာရဲ့လွှမ်းမိုးမှုရှိပါတယ်။ ဂွါဒီယိုလာက လေ့ကျင့်ခန်းအစီအစဉ်မှာ အရာအားလုံး သေချာအာရုံစိုက်တာမျိုးလိုချင်တာပါ။
သူက အသင်းသားတွေအားလုံးအာရုံစိုက်တာမျိုးလိုချင်တဲ့နည်းပြမျိုးပါ။ ကွန်ပနီက သူ့ကိုတော့ အတုမခိုးပဲ ကစားသမားတိုင်းကို သူ့နည်းသူ့ဟန်နဲ့အလုပ်လုပ်စေပါတယ်။ သူက ဘောလုံးပိုင်ဆိုင်မှု နဲ့ ပွဲကိုထိန်းချုပ်တာမျိုးလိုချင်တာပါ။
သူ့ဘိုင်ယန်အသင်းခံစစ်က တစ်ဦးချင်းကပ်တာမျိုးပါ။ အဲ့တာက အရဲစွန့်တာမျိုးပါ။ ဒါပေမယ့်လည်း သူက ကစားသမားတွေကို ဂွါဒီယိုလာထက် လွတ်လပ်မှုပေးထားပါတယ်။
ကွန်ပနီလက်အောက်မှာ ဘိုင်ယန်ခံစစ်က တည်ငြိမ်လာပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ခံစစ်က အာရုံစူးစိုက်မှုနည်းပါးခဲ့သလို ဂိုးတွေအများကြီးပေးရပါတယ်။ အခုတော့ အူပါမီကာနို နဲ့ ကင်မင်ဂျေးတို့ကြောင့် ခံစစ်က အဆင်ပြေလာခဲ့သလို ကင်မစ်ချ်က ကွင်းလယ်မှာရှိနေတာကြောင့် တော်တော်လေးကို အဆင်ပြေပါတယ်။
သူ့အသင်းက အားလုံးခြုံကြည့်ဖို့တော့ ခက်ခဲပေမယ့် အချို့နေရာတွေမှာ တိုးတက်လာတွေရှိပါတယ်။ အချို့နေရာတွေမှာဆိုရင် အမြင့်ဆုံးအဆင့်မရောက်သေးပါဘူး။ ဥပမာ ကွင်းလယ်ပိုင်းက တန်ပြန်တိုက်စစ်အတွက် အဆင်မပြေသေးပါဘူး။ ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာ အနည်းငယ်နှေးကွေးပါတယ်။ ပြိုင်ဘက်ဧရိယာထဲမှာ အဆုံးသတ်တဲ့အပိုင်းတွေ အားနည်းနေပါသေးတယ်”လို့ လန်းက ပြောကြားခဲ့ပါတယ်။
လန်းက ဘယ်လ်ဂျီယံသားအနေနဲ့ အချိန်လိုအပ်သလို အသင်းတာဝန်ရှိသူတွေအနေနဲ့ သူ့ကိုမထုတ်ပယ်ပဲ အချိန်တစ်ခုပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ ကွန်ပနီ နဲ့ ဘိုင်ယန်တို့ကြား စာချုပ်သက်တမ်းက ၃ နှစ်ချုပ်ဆိုထားတာဖြစ်ပြီး လက်ရှိ ၃၆ ပွဲမှာ ၂၆ ပွဲအနိုင်ရရှိထားပြီး ကိန်းအတွက် ပထမဆုံးဆုဖလားရယူနိုင်ဖို့လည်း နီးစပ်နေပါတယ်။