
ဟော့ဖန်ဟိမ်းနဲ့ပွဲမှာ ဟာရီကိန်းကို ဘာကြောင့် ပွဲမထုတ်ခဲ့လဲဆိုတာ ရှင်းပြလာတဲ့ ကွန်ပနီ
ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီက ဟော့ဖန်ဟိမ်းကို ၀-၄ နဲ့အနိုင်ရခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ရာသီပိတ်ပွဲစဉ်မှာ အသင်းရဲ့ အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကို ဘာကြောင့်ပွဲအစကတည်းက ထုတ်မသုံးလဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ကွန်ပနီဟာ ဟယ်ရီကိန်းကိုသာမက တောင်ပံကစားသမား လီရွိုင်းဆာနေးကိုလည်း ပွဲထွက်လူစာရင်းကနေ ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။ဆာနေးကို ချန်လှပ်ခဲ့ခြင်းက ကွန်ပနီအတွက် အထူးအဆန်းတော့ မဟုတ်ပေမယ့် ဟယ်ရီကိန်းကို ချန်လှပ်ခဲ့ခြင်းကတော့ အသင်းပရိသတ်တွေအတွက် မေးခွန်းထုတ်စရာဖြစ်စေခဲ့ပါတယ်။
ပွဲမစခင်မှာ ကွန်ပနီက "ကိန်းက သူ့ရဲ့ပထမဆုံး အမှတ်ပေးဖလားကိုရထားတာ မကြာသေးပါဘူး။ ဒီအပတ်အတွင်းမှာ သူ့အနေနဲ့ ကျွန်တော်မျှော်လင့်ထားသလိုခြေစွမ်းမျိုးရှိနေမယ်လို့ မထင်ပါဘူး။ ကျွန်တော်က ဒီပွဲကို ပြီးပြည့်စုံတဲ့ ပုံစံနဲ့စတင်ပြီး ပုံမှန်အတိုင်း ကစားချင်ခဲ့တာပါ။ ကိန်းမှာက ခက်ခဲတဲ့ ရက်သတ္တပတ်တစ်ခု ကြုံတွေ့ထားရပါတယ်။ ဒါကြောင့် ကျွန်တော်သူ့ကို အရန်ခုံထိုင်ခိုင်းပြီး အင်အားပြည့်ဝတဲ့ လူစာရင်းကို ပွဲထုတ်ထားတာပါ။ ဒါပေမယ့် သူဒီပွဲကို ဒီအတိုင်းတော့ထိုင်မကြည့်ရပါဘူး။ အရေးပါတဲ့နေရာကနေ ကစားရမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ကိန်းဟာ လူစားဝင်ကစားသမားအဖြစ် ပွဲကစားချိန် ၆၁ မိနစ်မှာ ပါဝင်ခွင့်ရခဲ့ပြီး အသင်းအတွက် နောက်ဆုံးအနိုင်ဂိုးကိုလည်း ၈၆ မိနစ်မှာ သွင်းယူပေးနိုင်ခဲ့ပါတယ်။