အိုလီစီအတွက် ဘိုင်ယန်မြူးနစ် သတ်မှတ်ထားတဲ့ ကြမ်းခင်းစျေးကို ရီးရဲလ်မက်ဒရစ် သိရှိလာ
အိုလီစီကို လက်လွှတ်ပေးရန် ဘိုင်ယန်မြူးနစ်ဆီ ဆွဲဆောင်နိုင်ဖို့ဆိုရင် ရီးရဲလ်မက်ဒရစ် ငွေကြေးပုံအော သုံးစွဲရပါလိမ့်မယ်။
အသက် ၂၄ နှစ်အရွယ်ကစားသမားက ခရစ္စတယ်ပဲလေ့စ်မှ ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိလာပြီးနောက် ၁၂၂ ပွဲကစား၊ ၅၄ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅၂ ကြိမ် ပြုလုပ်ပြီး ကမ္ဘာ့အဆင့်စူပါကြယ်ပွင့်အဖြစ် သက်သေပြထားနိုင်ပါတယ်။
ဒီပြင်သစ်လက်ရွေးစင်ကစားသမားကို စပိန်ထိပ်သီးရီးရဲလ်မက်ဒရစ်က စိတ်ဝင်စားနေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေပေမဲ့ ဘိုင်ယန်မြူးနစ်ဘက်ကတော့ ရောင်းချဖို့အတွက် ဆန္ဒမရှိပါဘူး။
AS သတင်းစာရဲ့ဖော်ပြချက်အရ အပြောင်းအရွှေ့အတွက် စတင်ပြောဆိုဖို့အတွက်တောင် ဘိုင်ယန်မြူးနစ်ဆီ အနည်းဆုံးယူရိုသန်း ၂၀၀ တန်ကမ်းလှမ်းမှု လိုအပ်ပြီး ယူရိုသန်း ၃၀၀ အထိလည်း စျေးမြင့်တက်သွားနိုင်တယ်လို့ သိရပါတယ်။
တကယ်လို့ ယူရိုသန်း ၃၀၀ တန် အပြောင်းအရွှေ့သာ အမှန်တကယ်ဖြစ်မြောက်လာမယ်ဆိုရင် အိုလီစီက ၂၀၁၇ ခုနှစ်၊ ပီအက်စ်ဂျီဆီ ယူရို ၂၂၂ သန်းဖြင့် ပြောင်းရွှေ့ခဲ့တဲ့ နေမာကို ကျော်ဖြတ်ပြီး သမိုင်းတလျှောက် ပြောင်းရွှေ့ကြေးအမြင့်မားဆုံး ကစားသမား ဖြစ်လာပါလိမ့်မယ်။