The network connection is lost.

Banner Image

ဂျူဗင်တပ်စ် နဲ့ အေစီမီလန်တို့ပွဲစဉ်ကို ဝေဖန်ပြောကြားလိုက်တဲ့ အင်္ဂလန်နည်းပြဟောင်း

၅ ပွဲမြောက်သရေကျခဲ့ပြီးနောက် ဂျူဗင်တပ်စ်ပရိသတ်တွေကိုယ်တိုင်က သရော်ခဲ့တဲ့ ဂျူဗင်တပ်စ် နဲ့ အေစီမီလန်ပွဲကို အင်္ဂလန်နည်းပြဟောင်း ကာပယ်လိုက ဝေဖန်လိုက်ပါတယ်။ အသင်းဟောင်း ၂ သင်းက ဂိုးမရှိသရေကျခဲ့ပြီးနောက် ကာပယ်လိုက အဆိုပါပွဲဟာ အရမ်းပျင်းရိစရာကောင်းလွန်းတယ်လို့ ကင်ပွန်းတပ်လိုက်သလို ၂ သင်းစလုံးက အားတက်သရောမရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။ ၂ သင်းစလုံးမှာ နည်းပြခဲ့ဖူးတဲ့ ကာပယ်လိုက တိုက်စစ်ပိုင်းကို အားမရဖြစ်နေပြီး ပွဲကောင်းတစ်ပွဲမဖြစ်ခဲ့ပဲ ပျင်းစရာကောင်းတဲ့ပွဲဖြစ်ခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။

“ပထမပိုင်းက အရမ်းပျင်းစရာကောင်းခဲ့ပါတယ်။ ၂ သင်းစလုံးက အရဲမစွန့်ကြပါဘူး။ ဒုတိယပိုင်းမှာတော့ နည်းနည်းလေးအဆင်ပြေခဲ့ပါတယ်။ ကျွန်တော်တို့ ပိုပြီးမျှော်လင့်ခဲ့တာပါ”လို့ ကာပယ်လိုက ပြောကြားခဲ့ပါတယ်။ ပွဲအတွင်းမှာ အခွင့်အရေးအနည်းငယ်ပဲရခဲ့ကြပေမယ့် အေစီမီလန်က ၃ မှတ်ပြည့်ရယူနိုင်ဖို့ အခြေအနေပိုကောင်းခဲ့တာဖြစ်ပါတယ်။ ပူလီဆစ်က ပင်နယ်တီလွဲချော်ခဲ့သလို ရာဖေးလ်လီအိုကလည်း အခွင့်အရေးကောင်းတစ်ရပ်လွဲချော်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ပရိသတ်တွေကတော့ အသင်းကစားဟန်ကို ပွဲအပြီးမှာ သရော်ခဲ့ကြပါတယ်။

သရေရလဒ်က ၂ သင်းစလုံးအတွက် ဆိုးဝါးခဲ့ပြီး ဂျူဗင်တပ်စ်အနေနဲ့ ပြိုင်ပွဲစုံ ၅ ပွဲဆက်သရေကျခဲ့သလို အေစီမီလန်အနေနဲ့ ထိပ်ဆုံးနေရာကို တက်ရောက်နိုင်မယ့်အခွင့်အရေးနဲ့ လွဲချော်ခဲ့ပါတယ်။ မကြာခင်မှာ နိုင်ငံတကာရက်သတ္တပတ်ကန်ရမှာဖြစ်တာကြောင့် ၂ သင်းစလုံးက အနားရမှာဖြစ်ပြီး ဂျူဗင်တပ်စ်နည်းပြ အီဂေါအနေနဲ့ ဖိအားတွေများနေခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာနိုင်ငံပွဲတွေကန်မှာဖြစ်ပြီး လာမယ့်အောက်တိုဘာလလယ်လောက်မှသာ ပြည်တွင်းပြိုင်ပွဲတွေ ပြန်လည်စတင်မှာဖြစ်ပါတယ်။