လိုင်လီစတားရဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတဲ့ ယူနိုက်တက်
ယူနိုက်တက်အသင်းဟာ လိုင်လီနောက်ခံလူ လီနီယိုရိုရဲ့ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ရဲ့ယူရို ၆၅ သန်းတန် ကမ်းလှမ်းမှုကို လိုင်လီက အခုအပတ်အစောပိုင်းမှာ လက်ခံထားပေမယ့် ကစားသမားကို ရီးရဲလ်အသင်းကလည်း စိတ်ဝင်စားနေပါတယ်။
ပြင်သစ် ယူ - ၂၁ စတားဟာ ရီးရဲလ်ကိုသာ ပြောင်းချင်နေပြီး ပြင်သစ်အသင်းဖော်တွေဖြစ်တဲ့ ကာမာဗင်ဂါ ၊ ချူအာမီနီ၊ ဘာပေတို့နဲ့ ပေါင်းဆုံချင်နေပါတယ်။ မက်ဒရစ်ဟာ ခံစစ်နေရာမှာ နာချိုနဲ့ အလာဘာတို့ ရှိနေတာကြောင့် စဉ်းစားနေပြီး မီလီတာအိုကိုတော့ ဒူးဒဏ်ရာကြောင့် ၂၀၂၅ မတိုင်ခင်အထိ လက်လွှတ်ရမှာဖြစ်ပါတယ်။
တန်ဟက်ကတော့ ခံစစ် ၃ ယောက်တန်းကစားဖို့ ပြင်ဆင်နေပြီး လာမယ့် တနင်္လာနေ့မှာ ကန်မယ့် ပထမဆုံးရာသီကြိုခြေစမ်းပွဲမှာ အသုံးပြုဖွယ်ရှိနေပါတယ်။ မာတီနက်ဇ်ကတော့ အာဂျင်တီးနားအသင်းနဲ့ရှိနေဆဲဖြစ်ကာ ဗာရာနီကိုလည်း အလွတ်နဲ့လက်လွှတ်ထားခဲ့ရသလို အီဗန်ကိုလည်း စာချုပ်သစ်ထပ်ချုပ်ဆိုဖို့ ဆွေးနွေးနေပါတယ်။
အီဗန်ဟာ ဇူလိုင်လ ၁ ရက်နေ့ကတည်းက အလွတ်နဲ့ရမယ့် ကစားသမားအဖြစ်ရှိနေပါတယ်။ မက်ဂွါရီကတော့ အသင်းနဲ့ရာသီကြိုခြေစမ်းပွဲအတွက် ပူးပေါင်းနေပြီဖြစ်ကာ ကမ်ဝါလာကတော့ ကစားသမားသစ်ဖြစ်လာဖွယ်ရှိနေပါတယ်။
လင်ဒီလော့ဖ်ကလည်း တနင်္လာနေ့မှာ ရာသီကြိုခြေစမ်းပွဲအတွက် လာရောက်ပူးပေါင်းမှာဖြစ်ပါတယ်။