The network connection is lost.

Banner Image

ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် အီဇီကိုခေါ်ယူနိုင်ဖို့ နီးစပ်လာတဲ့ တော့တင်ဟမ်

တော့တင်ဟမ်ဟာ ယခုနွေရာသီအတွင်း အသင်းရဲ့တိုက်စစ်ပိုင်းကို ထပ်မံအင်အားမြှင့်တင်ဖို့ကြိုးစားနေပြီး ယခုအခါမှာ ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် အီဘရီချီအီဇီကို ပစ်မှတ်ထားစောင့်ကြည့်နေကာ ခေါ်ယူနိုင်ဖို့ နီးစပ်လာပြီလို့သိရပါတယ်။ 

လက်ရှိအချိန်မှာ ပဲလေ့စ်နဲ့ တော့တင်ဟမ်တို့အကြား အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီဖြစ်တာကြောင့် မကြာမီမှာပဲ သဘောတူညီမှုရရှိကြောင်း ကြေညာလာဖွယ်ရှိပါတယ်။ တနင်္ဂနွေနေ့မှာ ပဲလေ့စ်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အီဇီအနေနဲ့ အဆိုပါပွဲစဉ်မှာ ပါဝင်ကစားလာဖွယ်မရှိဘူးလို့ သတင်းတွေကဆိုပါတယ်။

အီဇီဟာ ပြီးခဲ့တဲ့ရာသီက ပဲလေ့စ်ရဲ့အက်ဖ်အေဆုဖလားအောင်မြင်မှုမှာ အဓိကနေရာကနေ ပါဝင်စွမ်းဆောင်ပေးခဲ့သူဖြစ်ပြီး ယခုရာသီမစခင်က ကွန်မြူနတီဒိုင်းပွဲစဉ်မှာလည်း အသင်းအတွက် အောင်မြင်မှုဆွတ်ခူးပေးထားနိုင်ခဲ့ပါတယ်။ သို့သော်လည်း ယခုအခါမှာ‌တော့ အင်္ဂလန်လက်ရွေးစင်ဟာ ပဲလေ့စ်နဲ့လမ်းခွဲသွားဖို့ သေချာသလောက်ဖြစ်နေပြီး တော့တင်ဟမ်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီချက်တွေလည်း ရရှိထားပြီဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်မှာ အီဇီရဲ့စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၆၈ သန်းအထိရှိနေတာဖြစ်ပြီး တော့တင်ဟမ်အနေနဲ့ အဆိုပါဈေးနှုန်းနဲ့ပေးချေလိုခြင်းမရှိဘဲ ဈေးလျှော့ပေးဖို့ မျှော်လင့်ထားတယ်လို့သိရပါတယ်။ တစ်ချိန်တည်းမှာပဲ ခရစ္စတယ်ပဲလေ့စ်ဟာ အသင်းရဲ့နောက်ခံကြယ်ပွင့် မာ့ခ်ဂူဟီကိုလည်း ရောင်းချဖို့ပြင်နေပြီး ဂူဟီကိုတော့ လီဗာပူးကခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။