The network connection is lost.

Banner Image

အာဆင်နယ်ရဲ့တိုက်စစ်လက်နက်တွေကို ထိန်းချုပ်ခဲ့တဲ့ လျှို့ဝှက်နည်းဗျူဟာအကြောင်း ဆန်ဒါးလန်းနည်းပြ လီဘရစ် ဖွင့်ဟ

စနေညပိုင်း၊ အာဆင်နယ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အတွက် ကြော်ငြာဆိုင်းဘုတ်တွေကို ကွင်းနဲ့အနီးကပ်ဆုံးနေရာအထိ ဆန်းဒါးလန်းအသင်း ရွှေ့ပြောင်းထားခဲ့တယ်လို့ နည်းပြလီဘရစ်က အတည်ပြုပြောကြားခဲ့ပါတယ်။ အခု Stadium of Light ကွင်းပွဲစဉ်အတွင်း အာဆင်နယ်က သူတို့ရဲ့အားသာချက်ဖြစ်တဲ့ အလွတ်တည်ကန်ဘော(Set-Piece)ခြိမ်းခြောက်မှုပြုလုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါ့အပြင် ပွဲမစတင်ခင် ကြော်ငြာဆိုင်းဘုတ်တွေကို ကွင်းနဲ့အနီးကပ်ဆုံးနေရာအထိ ရွှေ့ထားစေတဲ့ ဆန်းဒါးလန်းအသင်းရဲ့ ဆုံးဖြတ်ချက်ကလည်း အာဆင်နယ်ရဲ့လက်ပစ်ဘောအားသာချက်ကို အကန့်အသတ်ဖြစ်စေခဲ့ပါတယ်။

ကွင်းနဲ့အနီးကပ်ဆုံးနေရာအထိ ကြော်ငြာဆိုင်းဘုတ်တွေကို ဘာကြောင့်ရွှေ့ထားသလဲဆိုတဲ့ မေးခွန်းကို လီဘရစ်က အပြုံးပန်းတစ်ပွင့်ဖြင့် “ အမှန်ပါပဲ၊ ကျွန်တော်တို့လည်း အခုပွဲစဉ်ကို အနိုင်ရရှိဖို့အတွက် အသေးစိတ်အချက်အလက်တွေ ရှာဖွေနိုင်ရေး ကြိုးစားခဲ့ပါတယ်။ အာဆင်နယ်က Set-piece တွေမှာ အလွန်ကောင်းမွန်ပြီး ကျွန်တော်တို့လည်း အလားတူကောင်းမွန်ပါတယ်။ ဒါကြောင့် ဒီခြိမ်းခြောက်နိုင်စွမ်းက အခုပွဲစဉ်အတွက် အလွန်အရေးကြီးတယ်ဆိုတာ သိသာထင်ရှားပါတယ်။ အဆုံးမှာတော့ မျှတတဲ့ရလဒ်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်” လို့ တုံ့ပြန်ဖြေကြားပါတယ်။

တဖက်မှာလည်း အာတီတာက ဆန်းဒါးလန်းရဲ့တိုက်စစ်တိုက်ရိုက်ကစားဟန်ကို ကိုင်တွယ်ရာမှာ ဂန်းနားတို့ ရုန်းကန်ခဲ့ရတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ စပိန်သားနည်းပြက “ တကယ်ကိုခက်ခဲမယ့်ပွဲစဉ်တစ်ခုဆိုတာ ကျွန်တော်တို့ သိထားခဲ့ပါတယ်။ ပွဲစဉ်ခဏခဏရပ်ဆိုင်းသလို အဝေးဘောပေးပို့မှုများစွာကြောင့်လည်း စိတ်အနှောင့်အယှက်ဖြစ်မိပါတယ်။ ပွဲချိန်အများစုမှာ ဒီအချက်တွေကို ကျွန်တော်တို့ ကိုင်တွယ်နိုင်ခဲ့ပေမယ့် ဒီထက်ပိုမိုကောင်းမွန်တဲ့ ခံစစ်ကစားပုံလိုအပ်မှုနဲ့အတူ နှစ်ဂိုးပေးခဲ့ရပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် အသင်းရဲ့တုံ့ပြန်ပုံ အရမ်းကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့တွေ ချေပဂိုးအပြင် ဦးဆောင်ဂိုးပါ သွင်းယူကာ အခွင့်အရေးတွေ အများကြီးဖန်တီးရင်း ပွဲစဉ်ကို အမှန်တကယ်လွှမ်းမိုးနိုင်ခဲ့ပါတယ်။ အဆုံးမှာတော့ ဆန်းဒါးလန်းအတွက် အများကြီးလုပ်နေစရာတောင် မလိုပါဘူး။ ကျွန်တော်တို့ရဲ့ခံစစ်ကစားပုံ ပိုမိုကောင်းမွန်သင့်ပါတယ်။ကျွန်တော်တို့ ချေပဂိုးပေးလိုက်ရပြီး ချက်ချင်းဆိုသလိုပဲ တုံ့ပြန်ခဲ့လို့ အနိုင်ရလဒ်အတွက် အခွင့်အလမ်းကောင်းတစ်ခု ရရှိခဲ့ပါတယ်။

ခြုံပြီးပြောရရင်တော့ အခုပွဲစဉ်ရလဒ်ပိုင်းအတွက် အလွန်စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ကစားသမားခုနစ်ဦး ဒဏ်ရာရရှိနေချိန်မှာတောင် နောက်ဆုံးကစားခဲ့တဲ့ ၁၀ ပွဲကို Clean Sheet တွေနဲ့အတူ ပွဲတိုင်းအနိုင်ရရှိခဲ့လို့ ကစားသမားတွေအတွက်တော့ အလွန်ဂုဏ်ယူမိပါတယ်”လို့ ပြောပါတယ်။