The network connection is lost.

Banner Image

သမိုင်းဝင် ဥရောပဝင်ခွင့်ကို ဆန်းဒါးလန်းအသင်း ရရှိခဲ့တဲ့အပေါ် ဂုဏ်ယူမဆုံးဖြစ်နေတဲ့ လီဘရစ်

ချဲလ်ဆီးအသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အမှတ်ရစရာနိုင်ပွဲရယူပြီး ယူရိုပါလိဂ်ဝင်ခွင့် အတည်ပြုနိုင်ခဲ့ပြီးနောက် ဆန်းဒါးလန်းနည်းပြ ရီဂျစ်လီဘရစ်က သူ့အသင်းသားတွေရဲ့ ရည်မှန်းချက်ကြီးမားမှုကို ချီးကျူးစကားဆိုလိုက်ပါတယ်။

အခုရလဒ်ဟာ ပရီးမီးယားလိဂ်ကို ပြန်လည်တက်လှမ်းလာတဲ့ ပထမဆုံးရာသီမှာပဲ အဆင့် (၇) နေရာနဲ့ အဆုံးသတ်နိုင်ခဲ့တဲ့ ဆန်းဒါးလန်းအသင်းရဲ့ အံ့အားသင့်စရာ ရာသီတစ်ခုကို အဆုံးသတ်ပေးလိုက်တာဖြစ်ပြီး နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပဝင်ခွင့်ကိုလည်း ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၂၄ မိနစ်မှာ ထရိုင်းဟုမ်းက လှပတဲ့ ဗော်လီကန်ချက်နဲ့အတူ ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့တာဖြစ်ပြီး ဒုတိယပိုင်းအစမှာတော့ မာလိုဂတ်စတိုက သူ့ဂိုးသူ ပြန်သွင်းမိခဲ့တာကြောင့် အိမ်ရှင်အသင်းအတွက် နှစ်ဂိုးပြတ် အားသာချက် ရရှိခဲ့ပါတယ်။

ချဲလ်ဆီးအသင်းက ကိုးလ်ပါးလ်မားကတစ်ဆင့် ချေပဂိုးတစ်ဂိုး ပြန်သွင်းခဲ့ပေမဲ့ ဝက်စလေဖိုဖာနာက ဒုတိယမြောက်ဝါကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် သူတို့ရဲ့ မျှော်လင့်ချက်တွေ မှေးမှိန်သွားခဲ့ရပါတယ်။

“ဒါဟာ တကယ်ကို မယုံနိုင်စရာပါပဲ၊ ကျွန်တော်တို့ နောက်ဆုံးအချိန်အထိ စံချိန်စံညွှန်းတွေကို မြင့်မြင့်မားမား ထိန်းထားနိုင်ခဲ့တယ်ဆိုတာကို ပြသနေတာပါ။ ပြီးခဲ့တဲ့ ၃ ပွဲ၊ ၄ ပွဲမှာလည်း ကျွန်တော်တို့ဟာ ရည်မှန်းချက်တွေ ရှိနေသေးတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်၊ ဒါဟာ တကယ်ကို ကောင်းမွန်လွန်းပါတယ်” လို့ လီဘရစ်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီနေ့ပွဲအတွက် ကောင်းကောင်း ပြင်ဆင်ထားပါတယ်။ ဒီတစ်ပတ်အတွင်း လေ့ကျင့်ခန်းဆင်းတာတွေကလည်း တကယ်ကို ထိရောက်ခဲ့တာကြောင့် ကစားဖို့ အဆင်သင့်ဖြစ်နေခဲ့တာပါ။ ပြိုင်ဘက်က အသင်းကြီးတစ်သင်းဆိုတာ ကျွန်တော်တို့ သိထားပါတယ်၊ ဒါကြောင့် ဘောလုံးကို ကောင်းကောင်းထိန်းချုပ်ဖို့၊ အခွင့်အရေးကြီးတွေ ဖန်တီးဖို့နဲ့ ဂိုးတွေသွင်းဖို့ ကြိုးစားခဲ့ရပါတယ်။"

"ပွဲက အနည်းငယ် တင်းမာမှုရှိခဲ့ပေမဲ့ ကစားသမားတွေက စည်းကမ်းရှိရှိနဲ့ တည်တည်ငြိမ်ငြိမ် ကစားနိုင်ခဲ့ကြပါတယ်။ ဒါက တကယ်ကို ကောင်းပါတယ်။ တကယ်ကို အံ့ဩစရာပါပဲ။ မနှစ်ကရာသီမှာ အနိုင်ဂိုးနဲ့အတူ ပရီးမီးယားလိဂ်ကို တက်လာနိုင်ခဲ့တာကို ပြန်စဉ်းစားကြည့်ရင် မေလ ၂၄ ရက်နေ့ဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးနေ့တစ်နေ့ပါပဲ၊ အခုဆိုရင် ကျွန်တော်တို့ ယူရိုပါလိဂ်ကို ရောက်သွားပါပြီ။"

"ဒါဟာ ကလပ်အသင်းရဲ့ တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှုနဲ့ အသင်းသားတွေကြား ဟန်ချက်ညီမှုတွေကို ပြသနေတာပါ။ ဒီလိုအချက်တွေရှိရင် ထူးခြားတဲ့ အရာတွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ပါတယ်။ အခုတော့ ကျွန်တော်တို့ မြန်မြန်ဆန်ဆန် အနားယူပြီး နောက်ရာသီအတွက် ပြန်လည်ပြင်ဆင်ရပါမယ်။ ပရီးမီးယားလိဂ်ကတော့ သိသာတဲ့အတိုင်း ကျွန်တော်တို့ရဲ့ ပထမဆုံး အာရုံစိုက်ရမယ့်အရာ ဖြစ်လာမှာပါ” လို့ ၎င်းက ဆိုပါတယ်။