The network connection is lost.

Banner Image

ထိုက်တန်တဲ့ ခြေစွမ်းမျိုးမပြနိုင်ရင် အင်္ဂလန်အသင်းမှာ ပါဝင်ဖို့ အာမမခံဘူးလို့ ဂရီးလစ်ရှ်ကို သတိပေးလိုက်တဲ့ ဆောက်ဂိတ်

အင်္ဂလန်လက်ရွေးစင်နည်းပြ ဂါရတ်ဆောက်ဂိတ်က မန်ချက်စတာစီးတီးကြယ်ပွင့် ဂျက်ခ်ဂရီးလစ်ရှ်ကို ထိုက်တန်တဲ့ ခြေစွမ်းမျိုးမပြသနိုင်ရင် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အသင်းရဲ့လူစာရင်းမှာ ထည့်သွင်းသွားမှာမဟုတ်ဘူးလို့ သတိပေးစကားဆိုလာခဲ့ပါတယ်။ 
 
ဂရီးလစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရတာကြောင့် ပက်ဂွါဒီယိုလာရဲ့ အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်မရခဲ့ဘဲ အများအားဖြင့် အရန်ခုံမှာသာ အချိန်ဖြုန်းနေခဲ့ရတာဖြစ်ပါတယ်။
 
အင်္ဂလန်အသင်းရဲ့ ပထမဆုံးခြေစွမ်းပွဲစဉ်ဖြစ်တဲ့ ဘော့စနီးယားနဲ့ ပွဲစဉ်မတိုင်ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂရီးလစ်ရှ်အနေနဲ့ ယူရိုပြိုင်ပွဲမတိုင်ခင် အသင်းကနေ ပယ်ထုတ်ခံရနိုင်သလားလို့မေးမြန်းခဲ့ရာ ဆောက်ဂိတ်က “ကျွန်တော်တို့ လူစာရင်းကို အခုချိန်အထိ အတိအကျမသတ်မှတ်ရသေးပါဘူး။ သူက ထက်မြက်တဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက် ကစားပေးရတာကိုလည်း သဘောကျပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တွေမှာတော့ သူကောင်းကောင်းလုပ်နေပါတယ်” “ဒီရာသီမှာတော့ သူအရင်ရာသီတွေကလောက် ကစားခွင့်မရခဲ့ပါဘူး။ ဒါကြောင့် သူ့မှာ မတူညီတဲ့ခြေစွမ်းမျိုး ရှိနေမယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ကလည်း သူ့မှာရှိတဲ့ အရည်အသွေးနဲ့ သူယူလာနိုင်တဲ့ အရည်အသွေးကိုမျှော်လင့်နေပြီး အသင်းဖော်တွေကလည်း သူ့ကိုချစ်ခင်ကြပါတယ်။ ကျွန်တော်ကတော့ ကစားသမားတွေ အနေနဲ့ အသင်းကို ဘယ်လိုအဆင့်မျိုးမှာ ရှိစေချင်သလဲဆိုတာ သိကြတယ်မလို့ထင်ပါတယ်။ ဒီတစ်ပတ်အချိန်ကတော့ ကျွန်တော်တို့ရဲ့သူငယ်ချင်းပါပဲ။ အကျိုးရှိရှိအသုံးချဖို့လိုပါတယ်။ မနက်ဖြန်ပွဲမှာတော့ ကစားသမားတွေအနေနဲ့ ထိခိုက်ဒဏ်ရာမရဖို့နဲ့ အကောင်းဆုံး ကစားဖို့အရေးကြီးပါတယ်။ ဒီရာသီမှာ ဘယ်ကစားသမားတွေက ဘယ်လိုဖြတ်သန်းခဲ့သလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် အသင်းအတွက် ဘယ်နယောက်ခေါ်မယ်၊ ဘယ်လောက်ပမာဏဆိုသင့်တော်မလဲနဲ့ ဘယ်နေရာတွေ အတွက် ကာဗာယူထားရမလဲဆိုတာတော့ မသိသေးပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
 
လာမယ့်ပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟယ်ရီကိန်းက အနားယူနေတာကြောင့် နယူးကာဆယ်ကြယ်ပွင့် ထရစ်ပီယာက အင်္ဂလန်အသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာဖြစ်ပါတယ်။ သောကြာနေ့မှာတော့ အင်္ဂလန် ကစားသမားတွေဟာ အပြည့်အဝအနားယူခဲ့ကြပြီး ကြယ်ပွင့်ကစားသမားတွေကို ပေါ့ပ်စတား ဂျိမ်းစ်ဘေးစ်က လာရောက် ဖျော်ဖြေပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရိုမှာတော့ အက်ဒ်ရှီယန်က အင်္ဂလန်အသင်းအတွက် စိန့်ဂျော့ဂျ်ပက်ခ်မှာ လာရောက် ဖျော်ဖြေပေးခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာတော့ ရော်ဘီဝီလီယမ်စ်က သီချင်းဆိုပြီး ဖျော်ဖြေပေးခဲ့ပါတယ်။