The network connection is lost.

Banner Image

အင်္ဂလန်ကိုနည်းပြခဲ့တာနဲ့ပတ်သက်ပြီး လွမ်းဆွတ်နေမှာမဟုတ်ဘူးလို့ နည်းပြဟောင်း ပြောကြား

အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်က မိမိအနေနဲ့ အသင်းဟောင်းကိုနည်းပြခဲ့တာနဲ့ပတ်သက်ပြီး လွမ်းဆွတ်နေမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပြီး နေ့စဉ်အလုပ်တွေက တာဝန်ကြီးတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းကို ၈ နှစ်နီးပါးတာဝန်ယူခဲ့တာဖြစ်ပြီး ယူရို ၂၀၂၄ ဖိုင်နယ်မှာ စပိန်ကိုအရေးနိမ့်ခဲ့ပြီးနောက် လမ်းခွဲခဲ့တာဖြစ်ပါတယ်။

အသက် ၅၄ နှစ်သားဟာ ယူရို ၂၀၂၀ တုန်းက ဆုဖလားရယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဝင်ဘာလေမှာ အီတလီကို ပင်နယ်တီနဲ့အရေးနိမ့်ခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း ဆီမီးဖိုင်နယ်မှာ ခရိုအေးရှားကို အရေးနိမ့်ခဲ့ပါတယ်။ ဆောက်ဂိတ်ဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအတွင်းမှာ ကြီးမားတဲ့ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရပြီး ဆလိုဗေးနီးယားကို ဂိုးမရှိသရေကျခဲ့တဲ့ပွဲမှာ ပရိသတ်တွေရဲ့ဘီယာခွက်အလွတ်တွေနဲ့ပစ်ပေါက်တာကိုပါ ခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဆောက်ဂိတ်အနေနဲ့ အင်္ဂလန်အသင်းကို ပြန်လည်အပေါင်းလက္ခဏာဆောင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

“အသင်းကိုပြန်ကြည့်ရတာ အနည်းငယ်တော့ထူးဆန်းပါတယ်။ ဒါပေမယ့် ကျွန်တော်အဲ့တာကို မလွမ်းဆွတ်ပါဘူး။ ကျွန်တော် ဆိုဖာပေါ်မှာရှိတာဖြစ်စေ မရှိသည်ဖြစ်စေ အဲ့တာက အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားသိလား။ သူတို့အခုဆို အဆင်ပြေပါပြီ။ ကျွန်တော်အသင်းကိုနေရာလွတ်ပေးနိုင်သမျှပေးဖို့အရေးကြီးတယ်လို့ ထင်ပါတယ်။ အဲ့တာကဖော်ပြဖို့ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ တစ်နေ့ချင်းမှာ ခင်ဗျားမလိုချင်တဲ့အလေးချိန်မရတဲ့အချိန်အထိပေါ့။

ကျွန်တော်နေ့တိုင်း အင်္ဂလန်ကိုဘယ်လိုကောင်းအောင်လုပ်မလဲဆိုတာ တွေးဖြစ်ပါတယ်။ ကစားသမားတွေကြားမှာလည်း ဘာဖြစ်နေလဲဆိုတာကော ဘယ်လိုမတူညီအောင်လုပ်ရမလဲဆိုတာကော တွေးဖြစ်ပါတယ်”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။ ဆောက်ဂိတ်က လက်ရှိအင်္ဂလန်နည်းပြ တူချယ်နဲ့ပတ်သက်ပြီးတော့ သူ့အမြင်ကိုပြောကြားဖို့ ငြင်းဆန်ခဲ့ပါတယ်။

“ကျွန်တော်ဘယ်လိုတွေးလဲဆိုတာက အရေးမကြီးပါဘူး။ အခုချိန်မှာ အသင်းအတွက် ဘာပေးနိုင်မလဲဆိုတာရယ် နေရာလွတ်ပေးဖို့ရယ်က အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်မှန်ကန်တဲ့အရာကိုလုပ်နေတယ်လို့ ထင်ပါတယ်။ ကျွန်တော့်နိုင်ငံအသင်းကို ဦးဆောင်ခွင့်ရတဲ့အတွေ့အကြုံကောင်းတွေရှိနေပါတယ်။ ဒါပေမယ့် အခုချိန်က ကျွန်တော်ရှေ့ဆက်သွားရမယ့်အချိန်ဖြစ်သလို ပရိသတ်တစ်ဦးအနေနဲ့ အိမ်ကနေအားပေးနေမှာပါ”လို့ ဆောက်ဂိတ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။