The network connection is lost.

Banner Image

လိဂ်ဖလားဗိုလ်လုပွဲမတိုင်မီ ‘စည်းကမ်း’နဲ့ပတ်သက်ပြီး နည်းပြ မော်ရင်ဟိုနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးကြောင်း ပြောကြားလိုက်တဲ့ ဝိန်းရွန်နီ

ဝိန်း ရွန်နီကတော့ ယူနိုက်တက်ရဲ့ ‘စည်းကမ်း’နဲ့ပတ်သက်လို့ ဂျိုဆေး မော်ရင်ဟိုနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးကြောင်းနဲ့ ‘ဘာအကျိုးရှိမှာလဲ’ လို့ သူ့ကိုယ်သူ မေးခွန်းထုတ်ခဲ့ရကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ရွန်နီဟာ ၂၀၁၆ နွေရာသီ ပေါ်တူဂီနည်းပြ မော်ရင်ဟို ရောက်ရှိလာချိန်တုန်းက အိုးထရက်ဖို့ဒ်မှာရှိနေခဲ့သူဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ဂိုးအများဆုံး သွင်းယူပေးထားနိုင်သူ ရွန်နီဟာ အဲဒီအချိန်တုန်းက အသင်းခေါင်းဆောင်ဖြစ်ပြီး ဆာ အဲလက်စ် ဖာဂူဆန်ရဲ့ စည်းကမ်းတွေကို လိုက်နာခဲ့သူလည်း ဖြစ်ပါတယ်။

မော်ရင်ဟိုရဲ့ ယူနိုက်တက်မှာ ပွဲဦးထွက်ရာသီက ရွန်နီရဲ့ နောက်ဆုံးရာသီလည်း ဖြစ်ခဲ့ပေမယ့် ရွန်နီဟာ ကွန်မြူနတီဒိုင်း၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတွေကို ရယူပြီး အသင်းကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။ ရွန်နီက ဒီအောင်မြင်မှုတွေကို ပျော်ရွှင်ခဲ့ပေမယ့် မော်ရင်ဟိုက အသင်းနောက်ကွယ်မှာ မှန်ကန်တဲ့ပုံစံကို တည်ဆောက်ခဲ့တာလားဆိုတာ သံသယရှိနေပါတယ်။

‘The Wayne Rooney Show’ ရဲ့ ပေါ့ဒ်ကတ်စ်မှာ ရွန်နီက ‘လိဂ်ဖလားဗိုလ်လုပွဲကို ကျွန်တော်တို့ သွားတုန်းက ကစားသမားတွေက အဝါရောင် ဖိနပ်တွေနဲ့ ဝတ်စုံတွေ ဝတ်ပြီး သွားခဲ့ကြတယ်။ ကျွန်တော် မော်ရင်ဟိုဆီသွားပြီးတော့ ကစားသမားတွေနဲ့ စကားပြောပြီးပြီဖြစ်လို့ ခင်ဗျားအနေနဲ့ ဒီအခြေအနေကို စကားပြောပေးဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ စည်းမျဉ်းစည်းကမ်းတွေကို ထိန်းသိမ်းထားဖို့ လိုအပ်တယ်။ ဒီလိုပုံစံနဲ့ ဝင်ဘလေမှာ ဗိုလ်လုပွဲကို သွားလို့ မရဘူး’

‘သူကလည်း ‘ဟုတ်ပြီ၊ ဟုတ်ပြီ၊ သူတို့နဲ့ သွားပြောလိုက်မယ်’ လို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ထွက်ခွာတော့မယ့်အချိန်မှာ မော်ရင်ဟိုကို တွေ့လိုက်တော့ သူက လည်ပင်းစည်းမပါဘဲ ဇစ်ပါအကျီကို ဝတ်ထားတာ တွေ့ခဲ့ရပါတယ်။ ကျွန်တော် ဘာအကျိုးရှိမှာလဲလို့ တွေးနေမိတယ်။ ဒီအခြေအနေမှာ သူက ပိုပြီး ပေါ့ပေါ့ပါးပါးနေတယ်။ ဒါကြောင့် ကျွန်တော် ဘာလို့ ဒီကိစ္စကို စိုးရိမ်နေတာလဲ။ အခုအချိန်မှာတော့ ကြိုက်ရာဝတ်လို့ရပြီး ဖုန်းတွေ၊ ဦးထုပ်တွေ၊ ကိုယ်နဲ့လိုက်ဖက်တဲ့ ဖိနပ်တွေကို ဝတ်ဆင်နိုင်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

မော်ရင်ဟို ချဲလ်ဆီးမှာ ရှိခဲ့စဉ်တုန်းက ကစားသမားတွေဟာ တင်းကြပ်တဲ့စည်းကမ်းတွေကို လိုက်နာဖို့ ဖိအားပေးခံရခြင်း မရှိတာကို သတိထားမိခဲ့တာကြောင့် ရွန်နီက မော်ရင်ဟိုရဲ့ လုပ်ဆောင်ပုံတွေကို အံ့သြခဲ့ခြင်းမရှိပါဘူး။

‘ချဲလ်ဆီးကို ကြည့်လိုက်ရင် လူစာရင်းထဲမှာ မပါဝင်တဲ့ ကစားသမားတွေက ခုံတန်းပေါ်မှာ ကိုယ့်အဝတ်အစားနဲ့ကိုယ် ရှိနေကြတာကို တွေ့ရပါတယ်။ ဒါက ရှုပ်ပွနေတယ်လို့ ကျွန်တော် ထင်ခဲ့ပါတယ်’

‘ယူနိုက်တက်မှာတော့ တကယ့်ကို ပရော်ဖက်ရှင်နယ်ဆန်ပြီး လူစာရင်းထဲမှာ မပါဝင်ရင်တောင် ကလပ်ရဲ့ဝတ်စုံကို ဝတ်ဆင်ကြတယ်။ ဒါက တကယ့်ကို ပရော်ဖက်ရှင်နယ်ဆန်ပြီး အခုတော့ အဲဒီအရာတွေ မရှိတော့ပါဘူး။ အခုချိန်မှာတော့ ကလပ်တိုင်းက အတူတူပါပဲ။ သူတို့ ကြိုက်ရာကို ဝတ်ဆင်ကြတယ်။ ဒါပေမဲ့ ယူနိုက်တက်ကတော့ တကယ့်ကို ပရော်ဖက်ရှင်နယ်ဆန်ခဲ့တယ်လို့ ကျွန်တော် အမြဲတွေးနေမိပါတယ်’ လို့ ရွန်နီက ထပ်ပြောပါတယ်။

ရွန်နီဟာ အခုအချိန်မှာတော့ ဒါဘီ၊ ဒီစီ ယူနိုက်တက်၊ ဘာမင်ဂမ်နဲ့ ပလိုင်းမောက်တို့မှာ နည်းပြတစ်ဦးအနေနဲ့ လုပ်ကိုင်ခဲ့ပေမယ့် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူကတော့ ဒီရက်ပိုင်းမှာ ဘောလုံးသုံးသပ်သူအဖြစ်နဲ့ အလုပ်လုပ်ကိုင်နေပြီး မိသားစုနဲ့အတူ Disney+ ရဲ့ မှတ်တမ်းရုပ်ရှင်ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ပြင်ဆင်နေတာကြောင့် ဇနီးဖြစ်သူ ကောလင်းနဲ့ အချိန်ကုန်နေရတာကို ပိုပြီး ပျော်ရွှင်နေပါတယ်။