The network connection is lost.

Banner Image

နွေရာသီမှာ စပိန်မြေကနေထွက်ခွာတော့မယ့် ရီးရဲလ်စတား

သတင်းတွေအရ ရီးရဲလ်တောင်ပံကစားသမား ရိုဒရီဂိုတစ်ယောက် နွေရာသီမှာ အသင်းကနေထွက်ခွာတော့မယ်လို့ သိရပြီး နောက်ဆုံးပွဲစဉ်ကို ကစားခဲ့ပြီးလို့ သိရပါတယ်။ အသက် ၂၄ နှစ်သားဟာ ဘာစီလိုနာကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ လူစားလဲခံခဲ့ရပြီးနောက် အသင်းအတွက် နောက်တစ်ကြိမ်ပြန်ကစားပေးဖို့ ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

အဲ့နောက် အသင်းဖော် ဘယ်လင်ဟမ် ၊ ဘာပေတို့နဲ့အချင်းများခဲ့ပြီး အင်္ဂါနေ့တုန်းက မာယော့ကာနဲ့ပွဲအတွက် လေ့ကျင့်ခန်းအစီအစဉ်ကနေ အစောကြီးထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။ ဘရာဇီးသားဟာ အဆိုပါပွဲမှာပါဝင်လာဖွယ်မရှိပဲ ရီးရဲလ်အနေနဲ့ လာလီဂါချန်ပီယံဆုအတွက် အမှတ်လျော့လို့မဖြစ်တာဖြစ်ပါတယ်။

ပွဲမတိုင်ခင် အန်ဆယ်လော့တီက ကစားသမားအခြေအနေနဲ့ပတ်သက်ပြီး “ရိုဒရီဂိုတစ်ယောက် ဖျားနေပါတယ်။ အဲ့တာကြောင့် သူ့ရဲ့အကောင်းဆုံးပုံစံမရနိုင်ပါဘူး။ ဒီနေ့လေ့ကျင့်ခန်းအစီအစဉ်မှာလည်း သူ့ခြေထောက်က မသက်သာဖြစ်ခဲ့ပါတယ်။ ဘယ်နေရာလဲဆိုတာ ကျွန်တော် မသိသလို အဖျားဝေဒနာကလည်း မသက်သာသေးပါဘူး။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး သတင်းတွေအများကြီးထွက်နေပါတယ်”လို့ အန်ဆယ်လော့တီက ဖြေကြားခဲ့ပါတယ်။

အနာဂတ်မသေချာမှုတွေဖြစ်နေပေမယ့် ရိုဒရီဂိုက ဗုဒ္ဓဟူးနေ့တုန်းက လူမှုမီဒီယာကနေ “မက်ဆေ့ချ်တွေအပြင် စိတ်ပူတာတွေအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် မကြာခင်ပြန်လာမှာပါ။ သတင်းအမှားတွေလုပ်နေတာတွေ ရပ်ကြပါ”လို့ တင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ အသင်းလူအင်အားကို ပြန်လည်တည်ဆောက်နေပြီး ဘရာဇီးသားကို ချိတ်ဆက်နေပါတယ်။တကယ်လို့ ရိုဒရီဂိုအနေနဲ့ ရီးရဲလ်ကနေထွက်ခွာဖြစ်ရင် အာဆင်နယ်အနေနဲ့ ခေါ်ယူသင့်တယ်လို့ တော့တင်ဟမ်ဂိုးသမားဟောင်း ရော်ဘင်ဆန်က ထောက်ပြခဲ့ပါတယ်။

“ရိုဒရီဂိုကိုရဖို့ ဘယ်လောက်ကုန်ကျနိုင်မလဲ။ အာဆင်နယ်က သူ့ကိုခေါ်ယူသင့်ပါတယ်။ သူတို့ ဖိအားပေးနိုင်တဲ့ နံပတ် ၉ ကစားသမားမျိုးလိုအပ်နေတာပါ။ ဆာကာက ညာခြမ်းမှာဆိုရင် ရိုဒရီဂိုက ဘယ်ခြမ်းမှာ ကစားနိုင်ပါတယ်။ အဲ့အတွက်သာဖြစ်ခဲ့မယ်ဆိုရင် ထိပ်တန်းတိုက်စစ်မှူးသာ လိုအပ်တော့မှာပါ။ မာတီနယ်လီ နဲ့ ထရိုဆက်တို့ရှိနေပေမယ့် အာဆင်နယ်အနေနဲ့ ဆာကာလိုမျိုး ရိုဒရီဂိုဆီကနေ မျှော်လင့်နိုင်ပါတယ်။ အဲ့အတွက် ဘယ်ခြမ်းကို အဆင့်မြှင့်တင်ရပါမယ်။ စတာလင်က အငှားကုန်ရင် အသင်းဟောင်းထံပြန်မှာပါ။ ဘယ်ခြမ်းတောင်ပံကစားသမားတစ်ယောက် လိုကိုလိုပါတယ်”လို့ ရော်ဘင်ဆန်က ပြောကြားခဲ့ပါတယ်။