အိမ်ကွင်းနိုင်ပွဲနဲ့အတူ အမှတ်ဖြတ်ဦးဆောင်လိုက်တဲ့ အာဆင်နယ်
အာဆင်နယ် ၁-၀ ဟားလ်စီးတီး (ပွဲပြီးရလဒ်)
အခုအမ်းမရိတ်စ်ကွင်းပွဲစဉ်မှာ အိမ်ရှင်အာဆင်နယ်က ဧည့်သည်ဟားလ်စီးတီးကို အသာစီးရယူကစားပြီး နိုင်ပွဲတစ်ခု ဖော်ဆောင်ခဲ့ပါတယ်။ အခုပွဲစဉ်အတွက် အဆုံးအဖြတ်အနိုင်ဂိုးကိုတော့ ပွဲချိန်ဒုတိယပိုင်းမှာ ဂန်းနားကပ္ပတိန်အိုဒီဂတ်က သွင်းယူခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် အာဆင်နယ်က အနီးဆုံးပြိုင်ဘက်မန်စီးတီးရဲ့မနက်ဖြန်ပွဲစဉ်မတိုင်ခင် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ခြောက်မှတ်ဖြတ်ကာ နိုဝင်ဘာနိုင်ငံတကာသီတင်းပတ်ဆီ ဝင်ရောက်သွားပါတယ်။