The network connection is lost.

Banner Image

ညာနောက်ခံလူနေရာအတွက် အာနိုးလ်နဲ့ ဒမ်ဖရီးစ်တို့ဆီမှ သင်ယူနေတယ်လို့ ဗယ်လ်ဗာဒီ ဆို

AEK အေသင်အသင်းနဲ့ ရင်ဆိုင်ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ဗယ်လ်ဗာဒီကိုယ်တိုင် ပွဲချိန်နှောင်းပိုင်းအဖိုးတန်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းက အခုဘောလုံးရာသီ၊ ချန်ပီယံလိဂ်လေးပွဲကစားပြီးချိန် လေးပွဲအနိုင်ရရှိထားပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာရှိ ပီအက်စ်ဂျီနဲ့အတူ ပူးတွဲဦးဆောင်နေပါတယ်။

ဂရိမြေပွဲစဉ်မှာ ဒဏ်ရာပြန်ကောင်းလာခါစ ဗယ်လ်ဗာဒီကို မော်ရင်ဟို အရန်ခုံမှာပဲ အနားပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်နည်းပြက ဥရုဂွေသားကို မဖြစ်မနေ ထည့်သုံးခဲ့ရပါတယ်။ သူက ပွဲပြီးခါနီးမှာ ကွင်းလယ်ပိုင်းအတွက် ဝင်ကစားခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးကို ကန်သွင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ မော်ရင်ဟိုကတော့ သူ့ကို ရှေ့လျှောက်ညာနောက်ခံလူနေရာမှာသာ ဆက်လက်အသုံးပြုသွားဖွယ် ရှိပါတယ်။

ဒါကြောင့် ဂရိမြေမှာ ပွဲထွက်ကစားခဲ့တဲ့ ဒန်ဇယ်လ်ဒမ်ဖရီးစ်က အရန်နောက်ခံလူအဖြစ် ပြောင်းလဲသွားသလို ၂၀၂၇ ခုနှစ်မှာ အသင်းမှထွက်ခွာတော့မယ်လို့ သတင်းထွက်နေတဲ့ အာနိုးလ်ကတော့ တတိယဦးစားပေး ဖြစ်သွားပါတယ်။

ပွဲစဉ်အပြီး ဗယ်လ်ဗာဒီက "အကောင်းဆုံး ကွင်းလယ်လူဖြစ်အောင်ရော၊ အကောင်းဆုံး ညာနောက်ခံလူဖြစ်အောင်ပါ ကျွန်တော် အပြင်းအထန် ကြိုးစားနေပါတယ်။ ကျွန်တော့်အတွက်တော့ ဘယ်နေရာမှာ ကစားရကစားရ ဘာမှမခြားနားပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဗယ်လ်ဗာဒီက "ဒီညာနောက်ခံလူအတွက် အာနိုးလ်နဲ့ ဒမ်ဖရီးစ်တို့ဆိုတာ စံပြကစားသမားတွေဖြစ်လို့ သူတို့ဆီမှသင်ယူဖို့ ကျွန်တော် အမြဲကြိုးစားနေပါတယ်" လို့ ဆက်ပြောခဲ့ပါတယ်။