The network connection is lost.

Banner Image

ပိုလန်ကို အသာစီးကနေကစားနိုင်ခဲ့လို့ ကျေနပ်အားရမိကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ ရန်းနစ်

ယမန်‌နေ့ည ပိုလန်ကို ၃-၁ နဲ့အနိုင်ရခဲ့တဲ့ ယူရိုအုပ်စုအဆင့် ဒုတိယပွဲစဉ်မှာ ဩစတြီးယားဟာ အသာစီးကနေ ပွဲကိုထိန်းချုပ်ကစားနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ နည်းပြရက်ဖ်ရန်းနစ်က အသင်းရဲ့ကစားပုံကို ကျေနပ်အားရမိကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

ယခုနိုင်ပွဲကြောင့် ဩစတြီးယားဟာ ရမှတ် ၃ မှတ်အထိ စုဆောင်းနိုင်ခဲ့ပြီး နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ နယ်သာလန်နဲ့ပွဲမှာသာ အနိမ့်ဆုံးသရေကစားနိုင်ခဲ့မယ်ဆိုရင် နောက်တစ်ဆင့်ကိုတက်ဖို့ အခြေအနေကောင်းသွားမှာဖြစ်ပါတယ်။

ပွဲအပြီးမှာ အသက်-၆၅ နှစ်အရွယ်နည်းပြက "ပထမဆုံး မိနစ် ၂၀ အတွင်းမှာ ကျွန်တော်တို့ရဲ့ကစားပုံက ပြီးပြည့်စုံခဲ့ပါတယ်။ ဒုတိယပိုင်းမှာ‌တော့ ပွဲကိုအပြည့်အဝထိန်းချုပ်နိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အသင်းအတွက် ဒုတိယဂိုးကိုသွင်းယူပေးခဲ့ပြီးနောက် သူ့ကိုပြေးဖက်ကာ အောင်ပွဲခံခဲ့တဲ့ ဘေအမ်ဂတ်နာနဲ့ပတ်သက်ပြီးတော့ ရန်းနစ်က "ပထမပိုင်းအပြီးမှာ သူကအသင်းအတွက်အလွန်အရေးပါတဲ့ကစားသမားဖြစ်ပြီး ပွဲကို ပြောင်းလဲနိုင်တယ်ဆိုတာ သူ့ကိုကျွန်တော်ပြောပြခဲ့ပါတယ်။ အသာစီးကနေကစားနိုင်ခဲ့လို့ အသင်းရဲ့ကစားပုံကို ကျေနပ်မိပါတယ်"လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာတော့ ဩစတြီးယားဟာ နယ်သာလန်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပိုလန်ကတော့ ဩစတြီးယားကို ၁-၀ နဲ့အနိုင်ရထားတဲ့ ပြင်သစ်နဲ့ကစားသွားရမှာဖြစ်ပါတယ်။