The network connection is lost.

Banner Image

သြစတြီးယားကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ရန်နစ်

သြစတြီးယားအသင်းနည်းပြ ရန်နစ်က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့်မရခဲ့ဘူးဆိုရင် သြစတြီးယားကနေ ထွက်ခွာမယ်လို့ သတိပေးလိုက်ပါတယ်။ ရန်နစ်က ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ရှင်းလင်းတဲ့ပြောဆိုမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြဟောင်းဟာ ခြေစစ်ပွဲအတွင်း စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး ပထမဆုံးအုပ်စု ၃ ပွဲကိုအနိုင်ရရှိထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ဘော့စနီးယားအသင်းကတော့ နိုင်ပွဲ ၄ ပွဲနဲ့အတူ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ သြစတြီးယားအနေနဲ့ လာမယ့်အင်္ဂါနေ့ပွဲမှာ ၂ ဂိုးအသာနဲ့အနိုင်ရခဲ့မယ်ဆိုရင် ဘော့စနီးယားအသင်းကို ကျော်ဖြတ်ကာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

အသက် ၆၇ နှစ်သားဟာ ၂၀၂၂ ကတည်းက သြစတြီးယားအသင်းကို တာဝန်ယူခဲ့တာဖြစ်ပြီး အောင်မြင်မှုရယူပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။ သူ့ရဲ့စာချုပ်သက်တမ်းက သြစတြီးယားအသင်းက ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ အလားအလာကောင်းနေသမျှ ဆက်လက်တည်ရှိနေမှာဖြစ်ပါတယ်။

လာမယ့်ကမ္ဘာ့ဖလားဝင်ခွင့်နေရာရဖို့ အလာဘာ ၊ ဆာဘစ်ဇာတို့က ဦးဆောင်ရမှာဖြစ်ပြီး အခွင့်အရေးကောင်းလည်းရှိနေတာဖြစ်ပါတယ်။ တကယ်လို့ ဝင်ခွင့်မရခဲ့ရင်တော့ ရန်နစ်တစ်ယောက်ထွက်ခွာမှာဖြစ်ပြီး နည်းပြအသစ်ရှာဖွေရဖွယ်ရှိနေပါတယ်။ “သူအဲ့တာကိုမလုပ်နိုင်ရင် ဆက်တာဝန်ယူမှာမဟုတ်ပါဘူး။ သူ့ဘက်က ရှင်းရှင်းလင်းလင်းပြောထားပြီးပါပြီ။ ကမ္ဘာ့ဖလားမတိုင်ခင်အထိ သူနဲ့ စာချုပ်သက်တမ်းရှိနေပါတယ်။ 

သင့်တော်တဲ့အချိန်ရောက်ရင် ကျွန်တော်တို့ ဆွေးနွေးမှာပါ။ အခုတော့ ကမ္ဘာ့ဖလားဝင်ခွင့်အတါက် ကျွန်တော်တို့ အပြည့်အဝအာရုံစိုက်ရမယ့်အချိန်ပါ”လို့ သြစတြီးယားအသင်းဥက္ကဌ ပါရိုးက ပြောကြားခဲ့ပါတယ်။ ဘော့စနီးယားကို ၂ ဂိုးပြတ်အနိုင်ရမှာက သြစတြီးယားအသင်းကို အုပ်စုထိပ်ဆုံးနေရာကိုတင် ပို့ဆောင်ပေးနိုင်မှာမဟုတ်ပဲ ကမ္ဘာ့ဖလားခြေစစ်ပွဲအစ ၄ ပွဲမှာ ၄ ပွဲအနိုင်ရရှိတဲ့မှတ်တမ်းကိုလည်း ပိုင်ဆိုင်နိုင်စေမှာဖြစ်ပါတယ်။

“အဲ့ပွဲက အရေးကြီးသလို ၆ မှတ်တန်ပွဲပါ။ နိုင်ပွဲနဲ့အတူ နောက်တစ်ဆင့်ကို သွားနိုင်မှာပါ။ အခုရလဒ်က သြစတြီးယားရဲ့ကမ္ဘာ့ဖလားဝင်ခွင့်မျှော်လင့်ချက်အပြင် နည်းပြဘဝအနာဂတ်ကိုပါ အဆုံးအဖြတ်ပေးသွားမှာပါ”လို့ ရန်နစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။