ဆိုစီဒက်ကို အံ့အားသင့်ဖွယ် Comeback ဖြင့် အနိုင်ယူခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်
ခရစ္စတယ်ပဲလေ့စ် ၂-၁ ဆိုစီဒက် (ပွဲပြီးရလဒ်)
အခုလန်ဒန်မြေပွဲစဉ်ရဲ့ အစောပိုင်းပွဲချိန်တလျှောက်လုံး အိမ်ရှင်တွေ အတော်လေးရုန်းကန်ခဲ့ရပြီး ပွဲချိန်နှောင်းပိုင်းအလှည့်အပြောင်းတစ်ခုနဲ့အတူ အံ့အားသင့်ဖွယ်နိုင်ပွဲကို ပုံဖော်သွားခဲ့ပါတယ်။ အခုပွဲစဉ်ရဲ့ဦးဆောင်ဂိုးကို တောက်လျှောက်ခြေစွမ်းပြသနေတဲ့ ဆိုစီဒက်ပဲ ရရှိခဲ့ပြီး ခံစစ်မှူးမာမာဒူဆား သွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ မိနစ်ပိုင်းအကြာမှာပဲ ခံစစ်မှူးမာတင် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခံရသလို ပင်နယ်တီပါပေးလိုက်ရလို့ ဧည့်သည်တို့ အတော်လေး နစ်နာသွားခဲ့ပါတယ်။ ဒီပင်နယ်တီကို မာတီတာက အိမ်ရှင်တွေအတွက် ချေပဂိုးအဖြစ်ပြောင်းလဲခဲ့သလို နောက်ပိုင်းမှာ လူစားဝင်တိုက်စစ်မှူးမက်နေးက အဖိုးတန်အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ပဲလေ့စ်ရဲ့ယူရိုပါလိဂ်နောက်တစ်ဆင့်တက်ရောက်နိုင်ရေးရည်မှန်းချက် အားကောင်းလာပေမဲ့ ဆိုစီဒက်ကတော့ အုပ်စုအဆင့်မှလှည့်မပြန်ရရေးအတွက် အစွမ်းကုန် ကြိုးစားသွားရပါတော့မယ်။