သြစတြီးယားကို သက်သောင့်သက်သာအနိုင်ယူကာ နောက်တစ်ဆင့်တက်လာတဲ့ စပိန်
စပိန် ၃-၀ သြစတြီးယား (ပွဲပြီးရလဒ်)
အခုကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံမှုမှာ စပိန်က သြစတြီးယားကို ပွဲချိန်တလျှောက်လုံးအသာစီးရယူကစားပြီး ပေးဂိုးမရှိ၊ ဂိုးပြတ်အနိုင်ယူကာ ၁၆ သင်းရှုံးထွက်အဆင့်ဆီ တက်လှမ်းလာပါတယ်။ အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်အတွင်းမှာတင် စပိန်အသင်းက တိုက်စစ်မှူးအိုယာဇာဘယ်လ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ကစားခဲ့ပြီး ဒုတိယပိုင်းပွဲချိန်အတွင်းမှာလည်း ပေါ်ရို၊ အိုယာဇာဘယ်လ်တို့ရဲ့အဖိုးတန်သွင်းဂိုးတွေ ထပ်မံရရှိခဲ့ပါတယ်။ အခုပွဲစဉ်အနိုင်ရလဒ်ကြောင့် စပိန်က ၁၆ သင်းရှုံးထွက်အဆင့်မှာ ပေါ်တူဂီ(သို့)ခရိုအေးရှားနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။