
အခုနွေရာသီမှာ အင်္ဂလန်သားကို ရှင်းထုတ်ချင်နေတဲ့ ချဲလ်ဆီး
သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ အခုနွေရာသီမှာ စတာလင်ကို ရှင်းထုတ်ချင်နေပြီး ကစားသမားကိုယ်တိုင်က လန်ဒန်မြေမှာ ဆက်နေချင်နေပါတယ်။ အာဆင်နယ်အသင်းထံ အငှားနဲ့ပြောင်းရွှေ့ခဲ့ပေမယ့် ခြေစွမ်းမပြနိုင်ခဲ့တဲ့နောက် စတာလင်တစ်ယောက် ချဲလ်ဆီးထံ ပြန်လာခဲ့ရပါတယ်။ အင်္ဂလန်သားဟာ ချဲလ်ဆီးအသင်းဝက်ဘ်ဆိုက်ထဲမှာ မပါဝင်တဲ့ကစားသမား ၉ ဦးထဲက ၁ ဦးလည်းဖြစ်ပါတယ်။
ဝက်စ်ဟမ်းအသင်းက စတာလင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အခြေအနေကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ နည်းပြ ဂရေဟမ်ပေါ်တာဟာ စတာလင် နဲ့ ဆက်ဆံရေးကောင်းတွေရှိနေပြီး အပြောင်းအရွှေ့အတွက် အကူအညီဖြစ်နိုင်ဖို့ မျှော်လင့်နေပါတယ်။ တကယ်လို့ ဝက်စ်ဟမ်းကို ပြန်လည်ပြောင်းရွှေ့ဖြစ်ခဲ့ရင် စတာလင်ရဲ့လန်ဒန်မှာ ဆက်နေမယ့်အိပ်မက်က အမှန်တကယ်ဖြစ်လာဖွယ်ရှိနေပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဈေးကွက်ထဲမှာ လှုပ်ရှားနေဆဲဖြစ်ပြီး ကူဒက်စ်က တော့တင်ဟမ်အသင်းထံပြောင်းရွှေ့ခဲ့ကာ လက်ရှိမှာ ဝက်စ်ဟမ်းက ဝေါ်လ်ကာပီတာ ၊ ဝီလ်ဆင် နဲ့ ဒီအော့ဖ်တို့ကိုခေါ်ယူထားခဲ့ပါတယ်။ စတာလင်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂၈ ပွဲမှာ ၁ ဂိုးသာသွင်းယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရာသီသစ်စတင်ဖို့ကလည်း မလိုတော့တာကြောင့် အပြောင်းအရွှေ့ကို အလျင်အမြန်အပြီးသတ်ချင်နေပါတယ်။