မာဆေးလ်အား ရွေးချယ်ရန် ပေါ့ဂ်ဘာကို တိုက်တွန်းတဲ့ ရာဘီယော့
ရာဘီယော့ဟာ ဂျူဗင်တပ်စ်တွင် ပေါ့ဂ်ဘာနှင့် ကစားခဲ့သလို ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အသင်းဖော်များလည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်စ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အလွတ်အေးဂျင့်ဖြစ်လာခဲ့ပြီး တားမြစ်ဆေးသုံးစွဲခြင်းကြောင့် အရေးယူမှုကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် မတ်လတွင် ကစားခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။
"ကျွန်တော် ပေါ့ဂ်ဘာနဲ့အတူ ကစားချင်ပါတယ်။ ဂျူဗင်တပ်စ်မှာ အချင်းချင်း မြန်မြန်ဆန်ဆန် သိခွင့်ရခဲ့ပေမယ့် သူ့မှာ ရုပ်ပိုင်းဆိုင်ရာ ပြဿနာများစွာရှိတာကြောင့် အတူတွဲကစားဖို့ အခွင့်အရေးတွေ အများကြီး မရခဲ့ပါဘူး"
"မာဆေးလ် မှာလာကစားဖို့ သူ့ကိုဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ တွဲကစားမယ့်ပုံက အရမ်းကို အရေးကြီးပါတယ်။ တကယ့်ကိုအမြင်ရှိတာလည်းဖြစ်သလို အရာအားလုံးက အရမ်းပရော်ဖက်ရှင်နယ်ဆန်ကာ ကစားသမားတွေကနေ နည်းပြအထိ၊ စီမံခန့်ခွဲမှုအဆင့်အထိပါ ရည်မှန်းချက်တွေကြီးမားပါတယ်" "သူလာချင်ရင် ကျွန်တော်တို့က ကြိုဆိုပါတယ်" ရာဘီယော့က DAZN သို့ ပြောပါတယ်။