The network connection is lost.

Banner Image

နှစ်ဖက်သဘောတူညီမှုဖြင့် စာချုပ်ဖျက်သိမ်းလိုက်တဲ့ ပေါ့ဂ်ဘာနဲ့ မိုနာကို

ပေါလ်ပေါ့ဘာက မိုနာကိုအသင်းနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ကို နှစ်ဖက်သဘောတူညီမှုဖြင့် ဖျက်သိမ်းကာ အသင်းမှ တရားဝင်ထွက်ခွာသွားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်၊ အင်္ဂလန်နိုင်ငံရှိ စိန့်ဂျော့ရှ်ပတ်ခ်မှာ ပြုလု်ပခဲ့တဲ့ မိုနာကိုအသင်းရဲ့ ရာသီကြိုခရီးစဉ်အတွင်း တံကောက်ကြောဒဏ်ရာရရှိသွားပြီးနောက် ကာလရှည်ကြာ ကြံ့ခိုင်မှုပိုင်းရုန်းကန်နေရတဲ့ ကွင်းလယ်လူအတွက် ထိုးနှက်ချက်အသစ် ဖြစ်လာပါတယ်။

ယူနိုက်တက်နဲ့ ဂျူဗင်တပ်စ်ကြယ်ပွင့်ဟောင်းက ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ မိုနာကိုအသင်းအတွက် ပွဲဦးထွက်ပါဝင်ကစားခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ၁၁၅ မိနစ်သာ ကစားနိုင်ခဲ့ပါတယ်။

အသက် ၃၃ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ရာသီ၊ မိုနာကိုအတွက် ကစားပေးခဲ့တဲ့ ခြောက်ပွဲအနက် ငါးပွဲမှာ လူစားဝင်ကစားခဲ့ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့နောက်ဆုံးဒဏ်ရာရရှိမှုအပြီးမှာတော့ လီဂူးဝမ်းကလပ်အသင်းက ပြင်သစ်ကြယ်ပွင့်ကို စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ကာ ဗုဒ္ဓဟူးနေ့မနက်ပိုင်းမှာ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

"မိုနာကိုအသင်းနဲ့ ပေါလ်ပေါ့ဘာတို့က ရာသီသစ်ရဲ့ပထမဆုံးပွဲစဉ်မတိုင်မီ ၂၀၂၇ ခုနှစ် ဇွန်လအထိ သက်တမ်းရှိတဲ့စာချုပ်ကို ရပ်စဲဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

၂၀၁၈ ဖီဖာကမ္ဘာ့ဖလားဆွတ်ခူးခဲ့သူက အသင်းအပေါ် ထားရှိခဲ့တဲ့ ယုံကြည်မှုနဲ့ မိုနာကိုမှာ ရှိနေစဉ်အတွင်း ပြသခဲ့တဲ့ အဆင့်မြင့်ဆုံးပရော်ဖက်ရှင်နယ်ဆန်မှုတွေအတွက် ကလပ်အသင်းက သူ့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။

မိုနာကိုအသင်းက ပေါလ်ပေါ့ဘာကို အလေးအနက်ကျေးဇူးတင်ရှိပြီး အနာဂတ်မှာ အရာရာ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်" လို့ ဖော်ပြထားပါတယ်။