The network connection is lost.

Banner Image

သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားကို ရွေးချယ်လိုက်တဲ့ ပီအက်စ်ဂျီစတား

ပီအက်စ်ဂျီစတား ကာဗာစခီလီယာက သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားအဖြစ် ရော်နယ်ဒို နဲ့ မက်ဆီတို့အားပြိုင်မှုမှာ အာဂျင်တိုင်းသားဘက်က ရပ်တည်လိုက်ပါတယ်။ ရော်နယ်ဒို နဲ့ မက်ဆီတို့အားပြိုင်မှုမှာ ပီအက်စ်ဂျီစတား သူ့အမြင်အရ မက်ဆီကိုသာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဂျော်ဂျီယာသားဟာ အသက် ၇ နှစ်အရွယ်ကတည်းက မက်ဆီနဲ့သမိုင်းကြောင်းရှိခဲ့တာဖြစ်ပြီး ငယ်ဘဝကတွေ့ဆုံခဲ့ဖူးတာဖြစ်ပါတယ်။ ယူရို ၂၀၂၄ တုန်းက ပေါ်တူဂီကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ကာဗာစခီလီယာက ဂိုးသွင်းနိုင်ခဲ့ပြီး ပွဲအပြီးမှာ ရော်နယ်ဒိုအကျီကိုရယူခဲ့ပါတယ်။ အဆိုပါအနေအထားရှိခဲ့ပေမယ့်လည်း ဂျော်ဂျီယာသားက သူ့အမြင်အရ မက်ဆီကိုသာ ရွေးချယ်ခဲ့တာဖြစ်ပြီး အာဂျင်တိုင်းသားဟာ အခြားကမ္ဘာကလာတဲ့လူတို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

YouTube စတားဂျက်ဆင်နဲ့အင်တာဗျုးမှာ ကာဗာစခီလီယာက “ကျွန်တော့်အတွက် ခင်ဗျားသိလား။ ရော်နယ်ဒိုကို အများကြီးချစ်ပါတယ်။ ဒါပေမယ့် မက်ဆီက အခြားကမ္ဘာကလာတဲ့လူလို့ ဆိုနိုင်ပါတယ်။ ၂ ဦးစလုံးက ရူးသွပ်ချင်စရာကစားသမားတွေပါ”လို့ ဖြေကြားခဲ့ပါတယ်။ မက်ဆီဟာ ကာဗာစခီလီယာနည်းတူ ကလပ်ကမ္ဘာ့ဖလားကစားနေပြီး အင်တာမိုင်ယာမီက ပေါ်တိုနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး ပီအက်စ်ဂျီက ဘိုတာဖိုဂိုနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။