The network connection is lost.

Banner Image

ခဗာရက်စ်ကီလီယာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရခဲ့တဲ့ ပီအက်စ်ဂျီ

သတင်းတွေရဲ့အဆိုအရ ပီအက်စ်ဂျီအသင်းဟာ နာပိုလီတောင်ပံကစားသမား ခဗာရက်စ်ကီလီယာကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရခဲ့ပေမယ့် ပြောင်းရွှေ့ကြေးသဘောတူညီမှုရဖို့ ကျန်သေးကြောင်း သိရပါတယ်။ နာပိုလီတောင်ပံကစားသမားဟာ အမ်ဘာပေထွက်ခွာသွားတဲ့ ပီအက်စ်ဂျီအတွက် အဓိကပစ်မှတ် ဖြစ်လာခဲ့ပါတယ်။

နည်းပြလူးဝစ်အင်းနရစ်နဲ့ အားကစားဒါရိုက်တာ လူးဝစ်ကမ်ပို့စ်တို့ဟာ ခဗာရက်စ်ကီလီယာရဲ့ခြေစွမ်းကို အထူးကြိုက်နှစ်သက်ကြပြီး လာမယ့်ရာသီ အသင်းရဲ့ဘယ်တောင်ပံမှာ အဆင့်တစ်ခုဆီ ရောက်ရှိအောင် စွမ်းဆောင်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။

အီတလီမီဒီယာတွေက ပီအက်စ်ဂျီဟာ ယူရိုသန်း၁၀၀နဲ့ ကမ်းလှမ်းခဲ့တယ်ဆိုပြီး ဖော်ပြကြပေမယ့် ပြင်သစ်ကလပ်ဘက်က ငြင်းဆိုထားခဲ့ပြီး ယူရိုသန်း၆၀သာ ပေးချေလိုနေပါတယ်။

ပီအက်စ်ဂျီကတော့ ခရာရက်စ်ကီလီယာရဲ့ပြောင်းရွှေ့ကြေးကို လျှော့ချဖို့ အသင်းက မလိုအပ်တဲ့ ကစားသမားတွေကို အလိုက်ပေးရင်ရနိုင်မယ်လို့ မျှော်လင့်နေပါတယ်။