ဒီအိုမန်ဒီရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက်ကြီးတစ်ခု ချမှတ်လိုက်ပြန်တဲ့ လိုက်ပ်ဇစ်
လိုက်ပ်ဇစ်အသင်းက သူတို့ရဲ့လူငယ်ပါရမီရှင်ကြယ်ပွင့် ဒီယိုမန်ဒီရဲ့အနာဂတ်နဲ့ပတ်သက်လို့ အရေးကြီးဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်ပြီလို့ သိရပါတယ်။
အသက် ၁၉ နှစ်အရွယ်ကစားသမားက ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၃၆ ပွဲကစား၊ ၁၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်နိုင်ခဲ့လို့ ဘောလုံးအသိုင်းအဝိုင်းအကြား အာရုံစိုက်လာရတဲ့ ကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဒီယိုမန်ဒီကို ခေါ်ယူနိုင်ဖို့ ပီအက်စ်ဂျီက ရေပန်းအစားဆုံး ဖြစ်နေသလို လီဗာပူးကလည်း အခုထိ လက်မလျှော့သေးဘူးလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားဒီအိုမန်ဒီကိုယ်တိုင်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း "ကလပ်အသင်းမှ ထွက်ခွာရလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ထားပါတယ်" ဆိုပြီး သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ပြောဆိုဖူးပါတယ်။
ဒါပေမဲ့ အခုတော့ အခြေအနေတွေ တစ်မျိုးပြောင်းသွားပါပြီ။ SPORT BILD ရဲ့ ဖော်ပြချက်အရ လိုက်ပ်ဇစ်အသင်းက ဒီအိုမန်ဒီအတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးပေါင်သန်း ၁၀၀ ကို ပေးချေမယ့်အသင်းမရှိလို့ ကစားသမားကို မရောင်းတော့ဘူးလို့ သိရပါတယ်။
လတ်တလောမှာ လိုက်ပ်ဇစ်အသင်းမန်နေးဂျင်းဒါရိုက်တာမာဆယ်ရှာဖာက ဒီအိုမန်ဒီအတွက် အသင်းမှထွက်ခွာခွင့်ပေးဖို့ ညှိနှိုင်းနေမယ့်အစား လစာအများအပြားတိုးပေးထားပေမယ့် စာချုပ်သစ်တစ်ရပ် သဘောတူညီမှုရရှိဖို့အတွက်ပဲ အာရုံစိုက်ကြိုးပမ်းနေပါတယ်။