The network connection is lost.

Banner Image

အသင်းသစ်ရှာဖွေနေပြီလို့ ထုတ်ဖော်ပြောကြားလာတဲ့ ယူနိုက်တက်စတားဟောင်း

ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါ့ဂ်ဘာက သူ့အနေနဲ့ အသင်းသစ်ရှာဖွေနေပြီလို့ ထုတ်ဖော်ပြောကြားလာပါတယ်။ ပြင်သစ်သားဟောင်းဟာ ၂၀၂၃ စက်တင်ဘာကတည်းက ပွဲမကစားရတာဖြစ်ပြီး အခုချိန်မှာတော့ ပွဲပယ်ပြစ်ဒဏ်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ 

မတ်လထဲမှာ ပြန်လည်ကစားနိုင်မှာဖြစ်ပေမယ့် ပေါ့ဂ်ဘာအနေနဲ့ အသင်းလက်မဲ့ဖြစ်နေဆဲဖြစ်ပါတယ်။ အသက် ၃၂ နှစ်သားကို အသင်းဟောင်း ယူနိုက်တက်အပါအဝင် အသင်းတော်တော်များများက ချိတ်ဆက်နေပါတယ်။ ကာလရှည်ပွဲမကန်ရတဲ့အနေအထားမှာ ပေါ့ဂ်ဘာရဲ့ကြံ့ခိုင်မှုအနေအထားက မေးခွန်းထုတ်စရာဖြစ်နေပြီး လက်ရှိမှာ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေဆဲဖြစ်ပါတယ်။ အသင်းသစ်ရှာဖွေဖို့ကို အလောတကြီးမလုပ်သေးပဲ အဆင်ပြေမယ့်အသင်းမျိုးကို စိတ်ရှည်ရှည်နဲ့ရှာဖွေနေဆဲဖြစ်ပါတယ်။ 

“မက်ဆေ့ချ်အနည်းငယ်ပေးချင်တာပါ။ ဘာမှပြစရာမရှိသေးပါဘူး။ တစ်စုံတစ်ယောက် ပြန်လည်ကစားဖို့ ဆာလောင်နေသလို တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေပါတယ်။ ဒါပေမယ့် အိပ်မက်တွေကို ချဉ်းကပ်ဖို့ ဘယ်တော့မှအရှုံးမပေးပါဘူး။ အခုက ပရိသတ်တွေကို မက်ဆေ့ချ်ပေးချင်တာပါ။ ကျွန်တော်လိုချင်တဲ့အောင်မြင်မှုမရမချင်း ဆက်ကြိုးစားနေမှာပါ။ အဲ့တာက မနက်ဖြန်ဖြစ်နိုင်သလို ၁ နှစ် ဒါမှမဟုတ် ၂ နှစ်လည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လာမလဲဆိုတာ မသိသေးပါဘူး။ ဆက်သွားကြပါမယ်။ မကြာခင်မှာ တွေ့ကြပါမယ်”လို့ ပေါ့ဂ်ဘာက အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။

ဆေးသုံးစွဲခဲ့မှုကြောင့် ဂျူဗင် နဲ့ ပေါ့ဂ်ဘာတို့ကြား လမ်းခွဲခဲ့ပြီဖြစ်ကာ အဲ့ကတည်းက အမေရိကမြေမှာ ဇနီးသည် ၊ ကလေးတို့နဲ့အတူတူနေနေတာကြာမြင့်နေပြီဖြစ်ပါတယ်။