The network connection is lost.

Banner Image

ပေါ်တူဂီစတားကို နည်းပြ မာတီနက်ဇ်က ထိတ်လန့်နေကြောင်း ပီတစ် စွပ်စွဲ

အာဆင်နယ်စတားဟောင်း ပီတစ်က ပေါ်တူဂီနည်းပြ မာတီနက်ဇ်ဟာ ရော်နယ်ဒိုကို ထိတ်လန့်နေတယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ အသက် ၄၀ ပြည့်ခဲ့ပြီဖြစ်ပေမယ့်လည်း ရော်နယ်ဒိုဟာ အယ်လ်နာဆာအသင်းမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေဆဲဖြစ်ပြီး ဒီရာသီ ၃၀ ဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ နိုင်ငံအသင်း နဲ့ ကလပ်အသင်းအတွက် အာရုံအပြည့်အဝစိုက်နေဆဲဖြစ်ပြီး နိုင်ငံအသင်းအတွက် ၂၁၉ ပွဲမှာ ၁၃၆ ဂိုးအထိသွင်းယူထားနိုင်သလို ၂၀၂၆ ကမ္ဘာ့ဖလားလည်းရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။

ဒါပေမယ့်လည်း ပေါ်တူဂီမှာ ရော်နယ်ဒိုရဲ့လွှမ်းမိုးမှုကို မထိန်းချုပ်နိုင်သေးတာဖြစ်ပါတယ်။ ပြင်သစ်စတားဟောင်း ပီတစ်က နည်းပြ မာတီနက်ဇ်ဟာ ရော်နယ်ဒိုကို ကိုင်တွယ်ဖို့ထိတ်လန့်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်အနေနဲ့ ရော်နယ်ဒိုလိုကစားသမားမျိုးကိုတောင် အရန်ခုံထားနိုင်မယ့်နည်းပြမျိုး ခန့်အပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

“ရော်နယ်ဒိုက အမြဲတမ်းတူညီတဲ့အာရုံစိုက်မှု ၊ တူညီတဲ့စိတ်ဆန္ဒကို ပြသပါတယ်။အသက်ကြီးနေပေမယ့်လည်း သူက အောင်မြင်မှုတွေလိုချင်နေဆဲပါ။ သူက ရာသီတိုင်းမှာ သမိုင်းမှတ်တိုင်စိုက်ထူချင်သလို ကစားပွဲတိုင်းကိုလည်း ကစားချင်ပါတယ်။ ပြီးခဲ့တဲ့ပြိုင်ပွဲတုန်းက သူဝမ်းနည်းခဲ့တာကို မြင်တွေ့ခဲ့ရသလို အခုလာမယ့် ကမ္ဘာ့ဖလားမှာ လမ်းကြောင်းမှန်ပေါ် တွန်းတင်ပေးချင်နေပါတယ်။

ပြဿနာက ပေါ်တူဂီအသင်းမှာ ရော်နယ်ဒိုကို ဆက်ထိန်းထားနိုင်ဖို့မဟုတ်ပါဘူး။ နည်းပြတစ်ယောက်က သူ့ကိုပွဲထွက်ခွင့်ကော အရန်ခုံပါပို့နိုင်မယ့်သူမျိုး လိုအပ်ပါတယ်။ ခင်ဗျားအနေနဲ့ သူ့ကိုပွဲဦးထွက်ပါဝင်ခွင့်မပေးဖို့ မကြောက်မရွံ့ဖြစ်နေရပါမယ်။ တစ်ချို့ပွဲတွေဆိုရင် သူ့ကိုအရန်ခုံမှာထားဖို့ လိုအပ်ပါတယ်။ သူက ပွဲတိုင်းပါဝင်ကစားဖို့မဖြစ်နိုင်ပါဘူး။တကယ်လို့ အဲ့လိုလုပ်မယ်ဆိုရင် အသင်းစိတ်ပိုင်းဆိုင်ရာကို ထိခိုက်နိုင်ပါတယ်။ ရော်နယ်ဒိုကို အဲ့လိုပို့နိုင်မယ့် သန်မာတဲ့နည်းပြမျိုးလိုအပ်ပါတယ်”လို့ ပီတစ်က ထောက်ပြခဲ့ပါတယ်။ 

ပေါ်တူဂီဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ပြင်ဆင်နေပြီး ရော်နယ်ဒိုကလည်း ဦးဆောင်လာဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း တိုတောင်းတဲ့အချိန်ကာလမှာ ရော်နယ်ဒိုရဲ့ကြံ့ခိုင်မှု နဲ့ ဂိုးသွင်းစွမ်းဆောင်ရည်က ကောင်းမွန်နေဆဲဖြစ်ပြီး လာမယ့်ဇွန်လမှာကန်မယ့် ဂျာမနီ နဲ့ နေးရှင်းလိဂ်ဆီမီးဖိုင်နယ်ပွဲကိုလည်း ဦးဆောင်လာဖွယ်ရှိနေပါတယ်။