The network connection is lost.

Banner Image

သူ့ရဲ့အကောင်းဆုံးပုံစံကိုပြသချင်နေတဲ့ မိုနာကိုစတား

မိုနာကိုကွင်းလယ်လူသစ် ပေါ့ဂ်ဘာက သူ့အနေနဲ့ သူ့ရဲ့အကောင်းဆုံးပုံစံကို ပြသချင်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဆေးသုံးစွဲမှုကြောင့် ကစားသမားဘဝရပ်နားနိုင်ခဲ့တဲ့အထိဖြစ်ခဲ့ပေမယ့် အယူခံဝင်ခဲ့ရာမှာ အောင်မြင်ခဲ့တာကြောင့် ၄ နှစ်ကနေ ၁၈ အထိ လျော့ချနိုင်ခဲ့ပါတယ်။ အဲ့နောက် အခုနွေရာသီအစောပိုင်းတုန်းက မိုနာကိုအသင်းထံပြောင်းရွှေ့ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၂ နှစ်လောက် ဘောလုံးလောကနဲ့ဝေးကွာနေတဲ့အနေအထားမှာ အသက် ၃၂ နှစ်သားအနေနဲ့ အရှိန်တစ်ခုရအောင် ပြန်လည်လုပ်ဆောင်ဖို့ လိုအပ်နေပါတယ်။

“ကျွန်တော်ရောက်လာချိန်မှာ ပထမဆုံးပြောတဲ့အရာရှိပါတယ်။ အဆင့်တွေရှိနေပါတယ်။ ကျွန်တော့်အတွက် သေချာလေးပြင်ဆင်ရမယ့်အဆင့်တွေပါ။ ကျွန်တော် ကွင်းထဲကို ကျွန်တော့်အကောင်းဆုံးပုံစံမရပဲ မလာချင်ပါဘူး။ ပေါ့ဂ်ဘာမဟုတ်ပဲပေါ့။ လူတိုင်းက အဲ့တာကိုစောင့်ဆိုင်းနေတာပါ။ ကွင်းထဲက အကောင်းဆုံးပေါ့ဂ်ဘာကို မြင်ချင်နေတာပါ။ အဲ့အတွက်လည်း ကျွန်တော်ပြင်ဆင်နေပါတယ်။

ကျွန်တော် ခံစားချက်အရမ်းကောင်းလာသလို အသင်းဝန်ထမ်းတွေကလည်း အများကြီးဂရုစိုက်ပေးပါတယ်။ ထိပ်တန်းအဆင့်ရောက်ဖို့ အချိန်တစ်ခုလောက်ယူရနိုင်ပါတယ်။ အခုဆိုရင် ကျွန်တော်ကလေးတစ်ယောက်လိုဖြစ်နေပါတယ်”လို့ ပြင်သစ်သားဟောင်းက ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားပိုင်ရှင် ပေါ့ဂ်ဘာဟာ လာမယ့်စနေနေ့ လီဟာဗရီနဲ့ပွဲမှာ ပါဝင်လာနိုင်ချေရှိနေတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။ ဒါပေမယ့်လည်း သူ့အနေနဲ့ အသင်းသစ်မှာ ဘယ်လောက်အထိအကျိုးပြုနိုင်မလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။