
ပယ်လ်မာရဲ့ ချဲလ်ဆီးရှိစွမ်းဆောင်ရည် ကျဆင်းရခြင်း၏ အကြောင်းရင်းကို ပြောကြားလိုက်တဲ့ ပေါလ်မာဆန်
အင်္ဂလန်လက်ရွေးစင် ပယ်လ်မာဟာ မကြာသေးမီက ဘရိုက်တန်နှင့်ပွဲစဉ်တွင် ချဲလ်ဆီးရဲ့ ဒုတိယအကြိမ်ရှုံးနိမ့်မှုကြောင့် စိတ်ပျက်ခဲ့ရပြီး ထိပ်ဆုံး ၄သင်းအတွင်း ဝင်ရောက်ရန် မျှော်လင့်ချက်များ ထပ်မံထိခိုက်ခဲ့ရပါတယ်။
ပယ်လ်မာဟာ ရာသီအစတွင် အံ့အားသင့်ဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့သော်လည်း မကြာသေးမီရက်သတ္တပတ်များအတွင်း ရုန်းကန်ခဲ့ရကာ ယခုပွဲစဉ်အပါဝင် ၅ ပွဲအထိ ဂိုးမသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျက်ဆန်ကတော့ တံကောက်ကြောဒဏ်ရာကြောင့် ရာသီရဲ့ အရေးကြီးတဲ့ပွဲတွေမှာ ပါဝင်နိုင်မှာ မဟုတ်ဘဲ မာဆန်က ပယ်လ်မာက သူ့ရဲ့တွဲဖက်တိုက်စစ်မှူးကို သတိရနေမှာ သေချာပါတယ်လို့ ယုံကြည်နေပါတယ်။
"သူတို့ဟာ ဂျက်ဆန်ကို သတိရနေမှာပါ။ ပါမာနဲ့ ဂျက်ဆန်တို့က အပြန်အလှန် ဖန်တီးပေးနေကြတာပါ"
"လူတွေက ပယ်လ်မာဟာ အံ့အားသင့်စရာကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်လို့ ပြောကြမှာပါ။ ဒါပေမယ့် ကိုယ့်ရှေ့မှာ ကစားနေတဲ့ ကစားသမားတွေလောက်ပဲ ကောင်းတယ်လို့ပြောမှာပါ"
" ဂျက်ဆန်ကသာ ဒီလိုပြေးလွှားမှုတွေ မလုပ်ရင် သူ့မှာ လှုပ်ရှားမှုဆိုတာမရှိပါဘူး။ ပါမာက ဘောလုံးကို ရယူပြီး ကစားတဲ့သူဖြစ်ပါတယ်"
"အခု အန်ကွန်ကူက အနီးကပ်လာသလို ပါမာပါရောက်လာပြီး အရာအားလုံးက နီးကပ်သွားပါတယ်" လို့ မာဆန်က Sky Sports သို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးရဲ့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ရောက်ရန် မျှော်လင့်ချက်များနှင့် ပတ်သက်ပြီး မာဆန်က မာရက်စ်ကာ ရဲ့အသင်းဟာ ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်ရမယ်လို့ ဝန်ခံခဲ့ပါတယ်။
"သူတို့ဟာ အခုအချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီလို့ ထင်ပါတယ်။ ဒါဟာ ခက်ခဲပါလိမ့်မယ် ဒုတိယဂိုးကို ကြည့်လိုက်ရင် ဒါဟာ မန်နေဂျာအတွက် စိုးရိမ်စရာပါ"
"သူတို့ဟာ မနေ့ကလို ကစားနေတဲ့အခါ ပြီးတော့ ဒီမှာရှိတဲ့ ကစားသမားတွေအတွက် မန်နေဂျာအနေနဲ့ နေရာပေါင်းစုံကို ကြည့်နေရတာပါ။ ဒါဟာ သူ့အတွက် အကြီးမားဆုံး ပြဿနာဖြစ်လိမ့်ပါမယ်" လို့ပြောပါတယ်။
ထို့အပြင် မာရက်စ်ကာဟာ သူ့ကစားသမားတွေရဲ့ လိုချင်စိတ်ကို ဝေဖန်ခဲ့ပြီး နည်းပြသက်တမ်းအတွင်း အဆိုးရွားဆုံး စွမ်းဆောင်ရည်အပေါ် ပြန်လည်သုံးသပ်ခဲ့ပါတယ်။
ပရိသတ်တွေက ကျွန်တော်တို့ရဲ့ ချဲလ်ဆီးကို ပြန်လိုချင်တယ်လို့ သီချင်းဆိုခဲ့ကြပြီး ပွဲအတွင်း မာဒူကီက တံကောက်ကြောဒဏ်ရာရရှိကာ လူစားလဲခံခဲ့ရတာလည်းဖြစ်ပါတယ်။
"ပွဲတွေကိုနိုင်တဲ့အခါ ပရိသတ်တွေဟာ ပျော်ရွှင်ကြတယ် ရှုံးနိမ့်တဲ့အခါ ပရိသတ်တွေဟာ စိတ်ဆိုးကြတယ်"
"ဒီအချိန်မှာ သူတို့ စိတ်ဆိုးတာ မှန်ပါတယ်။ အထူးသဖြင့် ဒီရာသီမှာ ကလပ်ကိုရှိရမယ့်နေရာကို ခေါ်ဆောင်သွားဖို့ အခွင့်အရေးရှိတဲ့အချိန်မှာပေါ့"
"အနိုင်ရရင် တတိယနေရာနဲ့ ၁ မှတ်ပဲ ကွာဟတော့မှာပါ။ ကျန်တဲ့အသင်းတွေနဲ့ ခြားနားချက်ကို ပိုကြီးအောင် လုပ်နိုင်ပါတယ်"
"ဒီကိုလာပြီး ကျွန်တော်တို့ကစားခဲ့တဲ့ပုံစံ ဘောလုံးပိုင်ဆိုင်မှု လိုချင်မှုတွေမှာ ကျွန်တော်တို့ ပိုပြီးပြသဖို့ လိုအပ်နေပါသေးတယ်" လို့ မာရက်စ်ကာက ပြောကြားလိုက်ပါတယ်။