The network connection is lost.

Banner Image

လိုက်ပ်ဇစ်ဆီ ပြန်မလာခင် ပရီးမီးယားလိဂ်ကလပ်နှစ်ခုရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့ ချဲလ်ဆီးကြယ်ပွင့်ဟောင်း အန်ကွန်ကူ

ချဲလ်ဆီးတိုက်စစ်မှူးဟောင်းခရစ္စတိုဖာအန်ကွန်ကူက လိုက်ပ်ဇစ်အသင်းဆီသို့ ပြန်လည်မပြောင်းရွှေ့မီ ပရီးမီးယားလိဂ်ကလပ်အသင်းနှစ်ခုရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။

အသက် ၂၈ နှစ်အရွယ်ကစားသမားရဲ့ ချဲလ်ဆီးမှ အေစီမီလန်ဆီ ပြောင်းရွှေ့ထွက်ခွာမှုက မျှော်လင့်ထားသလို ဖြစ်မလာခဲ့ဘဲ ၃၅ ပွဲကစား၊ ရှစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် အန်ကွန်ကူက ဥရောပရဲ့အထွန်းတောက်ဆုံးတိုက်စစ်မှူးတွေအနက် တစ်ဦးအဖြစ် ပျိုးထောင်ပေးခဲ့ဖူးတဲ့ လိုက်ပ်ဇစ်အသင်းဆီ တစ်ရာသီအငှားစာချုပ်ဖြင့် ပြန်လည်ပူးပေါင်းခဲ့ပါတယ်။

ဒါပေမဲ့ ဒီပြင်သစ်ကစားသမားအတွက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ နယူးကာဆယ်အပြင် အခြားရွေးချယ်စရာတွေလည်း ရှိခဲ့ပါတယ်လို့ BILD သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လတ်တလောပြီးဆုံးသွားတဲ့ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်း သရဲနီတွေရော၊ ငှက်ကျားတွေပါ တိုက်စစ်ပိုင်းအင်အားဖြည့်တင်းဖို့ ပြင်ဆင်ခဲ့ကြပြီး အန်ကွန်ကူကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမဲ့ တိုက်စစ်မှူးက စိတ်ပျက်စရာကောင်းတဲ့ ဘောလုံးရာသီအချို့ကို ဖြတ်သန်းခဲ့ပြီးနောက် ပုံစံကောင်းပြန်လည်ရှာဖွေဖို့အတွက် အသားကျပြီးသား ပတ်ဝန်းကျင်ဆီ ပြန်လည်ပြောင်းရွှေ့ဖို့သာ ဆန္ဒရှိနေခဲ့ပါတယ်။