
ဂေါ်ဒွန်ရဲ့အနီကတ်ကို အယူခံဝင်ဖို့ ပြင်ဆင်နေတဲ့ နယူးကာဆယ်
ဘရိုက်တန်ကိုအရေးနိမ့်ခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာ တိုက်ရိုက်အနီကတ်ထိခဲ့တဲ့ ဂေါ်ဒွန်ရဲ့အနီကတ်ကို နယူးကာဆယ်ဘက်က အယူခံဝင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဘရိုက်တန်ရဲ့ဧရိယာထဲမှာ ဗန်ဟက်ကီကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ဂေါ်ဒွန်တစ်ယောက် အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ အဲ့နောက် ဒုတိယပိုင်းအချိန်ပိုမှာ ၂-၁ နဲ့ ဘရိုက်တန်က အနိုင်ရရှိခဲ့ပါတယ်။ အဆိုပါအနီကတ်ကြောင့် ဂေါ်ဒွန်အနေနဲ့ ၃ ပွဲလွဲချော်မှာဖြစ်ပြီး အဆိုပါ ၃ ပွဲထဲမှာ မတ်လ ၁၆ ရက်နေ့မှာကန်မယ့် လီဗာပူးအသင်းနဲ့ကာရာဘောင်ဖလားပွဲလည်း ပါဝင်နေပါတယ်။
ဒါပေမယ့်လည်း ဟိုဝီကတော့ အင်္ဂလန်တောင်ပံကစားသမားအခြေအနေကို အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။ “မှန်ပါတယ်။ ကျွန်တော်တို့ ဒီအခြေအနေကို စစ်ဆေးမယ်ဆိုရင် အယူခံဝင်နိုင်ချေရှိပါတယ်။ ကျွန်တော်တို့ တွေဝေခြင်းမရှိပဲ အယူခံဝင်မှာပါ။ ကျွန်တော်တို့ အဲ့တာကိုမြင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော် ဒီနေရာမှာ ထိုင်မနေချင်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ အလုပ်မပြီးခင်အထိ အရိုသားဆုံးအမြင်ကို မပေးချင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ကစားသမားဘက်ကကြည့်ရင် ကြိုတင်ကြံစည်ထားတာမရှိပါဘူး”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်ဘက်ကတော့ အက်ဖ်အေအနေနဲ့ အသက် ၂၄ နှစ်သားရဲ့အခြေအနေကို ပြန်လည်ပြောင်းလဲပေးမယ်လို့ ယုံကြည်နေပါတယ်။