The network connection is lost.

Banner Image

အိုဆီမန်ရဲ့ အပြောင်းအရွှေ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အာဆင်နယ်ကစားသမား ၂ ဦးကို ခေါ်ယူချင်နေတဲ့ နာပိုလီ

အိုဆီမန်ဟာ ရာသီကုန်တွင် နာပိုလီမှ ထွက်ခွာရန် မျှော်လင့်ထားကြောင်း အီတလီကလပ်ရဲ့ဥက္ကဋ္ဌ လော်ရန်တစ်က ဇန်နဝါရီတုန်းက ပြောကြားခဲ့ပြီး အဆိုပါတိုက်စစ်မှူးက ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီ သို့မဟုတ် ယခုနွေရာသီတွင် ပရီးမီးယားလိဂ်ကလပ်အသင်းများထံသို့ ပြောင်းရွှေ့သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။ ဒီရာသီ စီးရီးအေမှာ ၁၅ ဂိုး သွင်းထားတဲ့ အသက် ၂၅ နှစ်အရွယ် ကစားသမားဟာ ဆော်ဒီ ပရိုလိဂ်သို့ပြောင်းဖို့ရှိနေပေမယ့် သူ့ရဲ့ ဦးစားပေးကတော့ ဥရောပမှာ ဆက်ရှိနေဖို့ပဲဖြစ်ပါတယ်။

သို့သော်လည်း Corriere dello Sport ရဲ့ဖော်ပြချက်အရ နာပိုလီဟာ ကစားသမားအတွက် ကမ်းလှမ်းမှုများ မရရှိထားသလို စီးရီအေကလပ်ဟာ ပြောင်းရွှေ့ကြေးအဖြစ် စာချုပ်ဖျက်သိမ်းခဖြစ်တဲ့ ယူရိုသန်း ၁၃၀ (ပေါင် ၁၁၀.၈ သန်း) အလိုရှိနေတာဖြစ်ပါတယ်။  အိုဆီမန်က ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့ရန် ပစ်မှတ်ထားနေတယ်လို့ သတင်းများက ဖော်ပြထားပြီး အာဆင်နယ်ဟာလည်း ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ ကလပ်များထဲမှ တစ်ခုအဖြစ် မကြာသေးမီက ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။

အိုဆီမန်အတွက် မြင့်မားတဲ့ အပြောင်းအရွှေ့ကုန်ကျစရိတ်ကို ထေမိရန် နာပိုလီဟာ ဇန်ဝါရီလတုန်းက အလိုရှိခဲ့တဲ့ အာတီတာရဲ့ ကစားသမား ၂ဦးဖြစ်တဲ့ စမစ်ရိုဝီနဲ့ တိုမီယာဆုတို့ကို ခေါ်ယူလိုနေတာပါတယ်။စမစ်ရိုဟာ ယခုနှစ်ရာသီ အာတီတာလက်အောက်တွင် ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်တွင် ၃ ပွဲသာ ကစားခဲ့ရပါတယ်။

အာဆင်နယ်ဟာ ယခုနွေရာသီတွင် စမစ်ရိုဝီအတွက် ကမ်းလှမ်းမှုများကို လက်ခံလိုကြောင်း သိရပြီး ဖူလ်ဟမ်ကလည်း အသက် ၂၃ နှစ်အရွယ် ကစားသမားကို ၎င်းတို့ရဲ့ ဦးစားပေးအပြောင်းအရွှေ့ပစ်မှတ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ပေးထားပြီးဖြစ်ပါတယ်။

ချဲလ်ဆီးဟာ နွေရာသီအပြောင်းအရွှေ့ကာလမတိုင်မီ အိုဆီမန်ကို စိတ်ဝင်စားမှုပြသနေသော်လည်း ပြောင်းရွှေ့ကြေးနှင့် လုပ်ခလစာက မြင့်မားမှုပါရှိနေတဲ့ ပြောင်းရွှေ့ကြေးကို ဘယ်လိုငွေကြေးထောက်ပံ့မလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ "နှစ်ဖက်စလုံးကြားမှာ စစ်မှန်တဲ့ စိတ်ဝင်စားမှုရှိတယ်လို့ ကျွန်တော်ထင်ပါတယ်" "သူက ကလပ်ကို ချစ်ပြီး လာချင်တယ်လို့ ထင်ပါတယ်"လို့ ချဲ့လ်ဆီးကွင်းလယ်ကစားသမားဟောင်း ဂျွန်အိုဘီမီခေးလ်က အိုဆီမန်နဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီလအတွင်းက ပြောကြားခဲ့ပါတယ်။