The network connection is lost.

Banner Image

အိုစီမန်ကို ရောင်းချဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဂါလာတာစာရေးအသင်းအကြီးအကဲအတည်ပြု

ဂါလာတာစာရေးအသင်းဥက္ကဋ္ဌအိုဇ်ဘက်ခ်က တူရကီချန်ပီယံအသင်းအတွက် အိုစီမန်ကို ရောင်းချသွားဖို့ အစီအစဉ်မရှိဘူးလို့ အတည်ပြုပြောကြားခဲ့ပါတယ်။

အခုနွေရာသီကာလမှာ နိုင်ဂျီးရီးယားလက်ရွေးစင်ကစားသမားက စူပါလိဂ်ကလပ်အသင်းမှ ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး သူ့ကိုခေါ်ယူဖို့ ဥရောပထိပ်တန်းကလပ်အသင်းအချို့ စိတ်ဝင်စားနေကြပါတယ်။

လတ်တလောသတင်းတွေအရ အက်သလက်တီကိုမက်ဒရစ်အသင်းက ဒီတိုက်စစ်မှူးအတွက် ယူရို သန်း ၁၅၀ တန်ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အိုဇ်ဘက်ခ်ကတော့ ဒီကောလာဟလတွေကို ပယ်ချခဲ့ပြီး ဘယ်လိုကမ်းလှမ်းမှုမျိုးရှိနေပါစေ အိုစီမန်ကို ဆက်ထိန်းထားဖို့အတွက် ဂါလာတာစာရေးအသင်း စိတ်ပိုင်းဖြတ်ထားတယ်လို့ အလေးအနက်ပြောကြားခဲ့ပါတယ်။

"ကျွန်တော်တို့က အိုစီမန်ကို တခြားအသင်းဆီ ပြန်လည်ရောင်းချဖို့အတွက် ဝယ်ယူခဲ့တာ မဟုတ်ပါဘူး" လို့ အိုဇ်ဘက်ခ်က တူရကီဝက်ဘ်ဆိုက်ဖြစ်တဲ့ Fotomac ဆီ ပြောကြားခဲ့ပါတယ်။

"သူက ဂါလာတာစာရေးအသင်းအတွက် တန်ဖိုးရှိတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဂါလာတာစာရေးကိုလည်း ချစ်မြတ်နိုးပါတယ်။ သူ့ကို လာမယ့်နှစ်တွေအထိ ဂါလာတာစာရေးအသင်းမှာပဲ ဆက်ကစားစေချင်ပါတယ်။ အိုစီမန်ကိုယ်တိုင်လည်း ဂါလာတာစာရေးမှာ တကယ်ပျော်ရွှင်နေပါတယ်"လို့ ဆက်ပြောခဲ့ပါတယ်။

အိုစီမန်က ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ၊ နာပိုလီမှ ဂါလာတာစာရေးဆီ ရာသီဝက်အငှားစာချုပ်ဖြင့် ရောက်ရှိလာခဲ့ပြီး အသင်းကို အမှတ်ပေးလိဂ်ချန်ပီယံဆုရော၊ တူရကီရှုံးထွက်ဖလားပါ ရရှိအောင် ကူညီပေးခဲ့ပါတယ်။