The network connection is lost.

Banner Image

ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာလိုက်ပြီဖြစ်တဲ့ နာနီ

၂၀၁၆ ခုနှစ်တွင် ပေါ်တူဂီနှင့် ယူရိုဖလားရရှိခဲ့သလို နည်းပြကြီးဖာဂူဆန်ရဲ့လက်အောက်တွင် ပရီးမီးယားလိဂ် ၄ ကြိမ်နှင့် ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ရရှိခဲ့တဲ့ အသက် ၃၈ နှစ်ရွယ် ကစားသမား နာနီဟာ ကစားသမားဘဝကနေ အနားယူသွားပြီဖြစ်ပါတယ်။

အသက် ၂၀ အရွယ်တွင် စပို့တင်းလစ္စဘွန်းမှ အိုးထရက်ဖို့ဒ်သို့ ရောက်ရှိလာခဲ့ပြီး တစ်နိုင်ငံတည်းသား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ခြေရာကို လိုက်ကာ ပွဲဦးထွက်ရာသီတွင် ပထမဆုံးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပါတယ်။ လိမ္မာပါးနပ်တဲ့ ကွင်းလယ်ကစားသမားဟာ ယူနိုက်တက်ရဲ့ ကြီးစိုးမှုခေတ်ရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ရှိနေခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ငယ်ဘဝကလပ်စပို့တင်းကို အငှားနဲ့ ပြန်မသွားခင်အထိ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိနေခဲ့ပါတယ်။

သူ့အသက်အရွယ်ကို အံတုပြီး နာနီရဲ့ကစားအားဟာ အမြင့်ဆုံးအဆင့်အထိရောက်ခဲ့ပြီး တူရကီကလပ် ဖီနာဘာချီ၊ စပိန်ကလပ် ဗလင်စီယာနှင့် အီတလီကလပ် လာဇီယိုတို့နှင့်အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ယခုရာသီတွင် ထိပ်တန်းကလပ် အက်စထရီရယ် အမ်မာဒိုရာ အတွက် ၁၀ ကြိမ်အထိပါဝင်ကစားပြီး ဇာတိနိုင်ငံသို့ပြန်လာစဉ် ထူးထူးခြားခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုအတွက် အနားယူရန် ဆုံးဖြတ်ချက်အတွက် ဆိုရှယ်မီဒီယာမှာ ကြေညာခဲ့ပါတယ်။

သူ့ရဲ့ အကြီးကျယ်ဆုံး အခိုက်အတန့်တွေကို ပြသတဲ့ ဗီဒီယိုတစ်ခုမှာတော့ နာနီက "လူတိုင်းသိတဲ့အတိုင်းပဲ၊ အရာအားလုံးက ပြီးဆုံးသွားပါပြီး။ ဒီအချိန်မှာတော့ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ်ဘဝအတွက် အလွန်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုချဖို့ အချိန်တန်ပါပြီ။ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် ကစားတာကို အနားယူတော့မှာပါ"

"သူတို့ပြောသလိုပဲ ကစားသမားဘဝကနေ အနားယူလိုက်ပါတော့မယ်။ ဒါပေမယ့် တာဝန်ကျေပွန်အောင် လုပ်ဆောင်စရာတွေ ပြီးမြောက်အောင် အားကစားသမားတစ်ယောက်အနေနဲ့ အသင်းဖော်တစ်ယောက်အနေနဲ့၊ ပရော်ဖက်ရှင်နယ်တစ်ယောက်အနေနဲ့ပါ လုပ်ဆောင်ခဲ့ပါတယ်"

"ဒါဟာ လှပတဲ့အသက်မွေးဝမ်းကြောင်းတစ်ခု၊ အောင်မြင်မှုတွေများစွာနဲ့ ပြည့်နှက်နေတဲ့ အသက်မွေးဝမ်းကြောင်းတစ်ခုလို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့် ဒီဆုံးဖြတ်ချက်ကိုချဖို့ အရေးကြီးတဲ့အချိန်ရောက်လာပါပြီ"

"အခုရောက်လာတဲ့ အခွင့်အလမ်းတွေက ဒီလမ်းကြောင်းသစ်မှာ ရှေ့ဆက်သွားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတာကို ညွှန်ပြနေပါတယ်။ ဥပမာပြောရရင် ကျွန်တော်က သူတို့နဲ့တွဲပြီး အကယ်ဒီမီမှာ အလုပ်လုပ်နိုင်ကာ ဒီလို ပျော်စရာကောင်းတဲ့ အခိုက်အတန့်တွေကို ခံစားနိုင်မယ့်အရာပါ" 

"မကြာသေးမီက အဖေ့ကို ဆုံးရှုံးလိုက်ရသလို ကြုံတွေ့ခဲ့ရတဲ့ ခက်ခဲတဲ့အခိုက်အတန့်တွေကြောင့် မိသားစုနဲ့ အချိန်ပိုပေးချင်ကာ၊ ဇနီး၊ သားသမီး၊ မေမေနဲ့ အချိန်တွေကို ကုန်ဆုံးချင်ကြောင်း သိနားလည်လာရပါတယ်။ မောင်နှမ ဝမ်းကွဲတွေ၊ ဦးလေးတွေနှင့် အဒေါ်တွေက ကျွန်တော့်ကို လိုအပ်သလို အရမ်းအရေးကြီးတဲ့အတွက်ကြောင့် သူတို့နဲ့ အတူရှိနေဖို့ လိုပါတယ်"

"ဒီစာကို အားလုံးနဲ့မမျှဝေဘဲ ကျွန်တော်ထွက်သွားလို့မရပါဘူး။ ကျွန်တော်ရဲ့ပန်းတိုင်တွေ၊ တိုက်ပွဲတွေအားလုံးကို ကျော်ဖြတ်ပြီး လမ်းကြောင်းမှာပေါ်လာတဲ့ အတားအဆီးတိုင်းကို ကျော်ဖြတ်ခဲ့တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်"
"ဘောလုံးက ကျွန်တော့်ကို အများကြီး ပေးခဲ့ပါတယ်၊ ဒါက ကျွန်တော့်ကို အခွင့်အရေးတွေ အများကြီး ယူဆောင်လာပေးခဲ့ပြီး ဒီအချိန်မှာ ကျွန်တော့်ရဲ့ တာဝန်က ဘောလုံးကပေးသမျှ အရာအားလုံးကို ပြန်ပေးရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ယခု ကျွန်တော့်မှာ အဲ့ဒီလိုပြုလုပ်နိုင်တဲ့ အခွင့်ကောင်းရှိနေပါတယ်" လို့ ပြောပါတယ်။ ဗီဒီယိုဘေးတွင် နာနီက မှတ်ချက်တစ်ခုထပ်ဖြည့်ထားပါသေးတယ်။

"နှုတ်ဆက်ရမယ့်အချိန်ရောက်ပြီ။ ပရော်ဖက်ရှင်နယ်ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့အသက်မွေးဝမ်းကြောင်းကို အဆုံးအဖြတ်ပေးဖို့ လုပ်လိုက်ပါပြီ" "ဒါဟာ အံ့သြစရာကောင်းတဲ့ လုပ်ရပ်ဖြစ်ပြီး နှစ် ၂၀ ကျော်ကြာ အသက်မွေးဝမ်းကြောင်းပြုရင်း မေ့မရနိုင်တဲ့ အမှတ်တရများစွာကို ပေးခဲ့တဲ့ အမြင့်အနိမ့်အမြင့်တွေကနေ ကူညီပေးခဲ့တဲ့ လူတစ်ဦးစီတိုင်းကို ကျေးဇူးတင်ချင်ပါတယ်" လို့ နာနီက ထပ်ပြောထားပါတယ်။

လူးဝစ်ကားလို့စ်အယ်လ်မီဒါ ဒါချူချာတွင် မွေးဖွားခဲ့တဲ့ နာနီဟာ လစ္စဘွန်းရဲ့ အမ်မာဒိုရာဧရိယာတွင်မွေးဖွားခဲ့ပြီး ယခင်အသင်း ရီးရဲလ်မက်ဆာမာကနေ အသက် ၁၆ နှစ်အရွယ် ၂၀၀၃ ခုနှစ်တွင် ကလပ်ရဲ့လူငယ်အသင်းသို့ ရောက်လာခဲ့ပါတယ်။

ပေါ်တူဂီကလပ်အတွက် ၇၁ ပွဲကစားကာ ၁၀ ဂိုးသွင်းယူပြီးနောက်တွင် ယူနိုက်တက်မှ ပေါင် ၂၁ သန်းဖြင့် ခေါ်ယူခဲ့ပြီး မန်ချက်စတာတွင် ရော်နယ်ဒိုနှင့်အတူ အကောင်းဆုံးစတင်ခဲ့ပါတယ်။ တစ်ရာသီအတွင်း သူဟာ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်ဆုရှင်ဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း ၄၀ ကစားကာ သူ့ရဲ့ကျွမ်းကျင်မှုနှင့် တိကျသေချာတဲ့ဖြတ်တင်မှုတွေကြောင့် ပြိုင်ဘက်ရြ့ခံစစ်ကို ထိတ်လန့်စေခဲ့ပါတယ်။

မော်စကိုမှာ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ဝိန်းရွန်းနီနေရာကို အစားထိုးဝင်ရောက်ခဲ့တဲ့ နာနီက ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့တဲ့ ပင်နယ်တီအဆုံးအဖြတ်မှာ ပဉ္စမမြောက် ပင်နယ်တီကို သွင်းယူခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်တွင် ရီးရဲလ်မက်ဒရစ်သို့ ရော်နယ်ဒိုထွက်ခွာသွားပြီးနောက်တွင် တောင်ပံနေရာအတွက် ပထမဦးစားပေး ကစားသမားဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်းရာသီတွေမှာ နာနီဟာ ယူနိုက်တက်အတွက် ပွဲပေါင်း ၂၃၀ ကနေ ၄၁ ဂိုးအထိ သွင်းယူခဲ့ပြီး လိဂ်ဖလား ၂ ကြိမ်၊ အင်္ဂလိပ်စူပါဖလား ၂ ကြိမ်တို့ကို ရယူနိုင်ခဲ့ပါတယ်။ အဆိုပါရာသီတွင် နာနီဟာ ၁၀ ဂိုးသွင်း ၁၉ ဂိုးဖန်တီးမှုပြုလုပ်ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ကလပ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။

တောင်ပံကစားသမားဟာ ၂၀၁၁ ခုနှစ်အကုန်တွင် ဘော်လွန်းဒီအော်ဆု အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပြီး ၂၀၁၁-၁၂ ရာသီတွင် ပြိုင်ဘက်မန်စီးတီးထံ ချန်ပီယံဆုကို သီသီလေးလွဲချော်ခဲ့ရပါတယ်။ နှစ်ရာသီလုံး ခြေစွမ်းလည်းပြသသလို ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပြီးနောက် နာနီဟာ စပို့တင်းအသင်းထံ အငှားနဲ့ ပြန်သွားခဲ့ပြီး ၃၇ ပွဲကစားကာ ၁၂ ဂိုးသွင်းယူကာ ၂၁၀၅ ခုနှစ် ဖီနာဘာချီသို့ ပြောင်းခဲ့ပါတယ်။

ပေါ်တူဂီသားဟာ တူရကီရှိ ပထမဆုံးရာသီမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ယူရို ၂၀၁၆ ရဲ့ အုပ်စုအဆင့်တွင် ဂိုးများသွင်းယူကာ နောက်ထပ်နှစ်ကျော့တွင်လည်း ဂိုးဖန်တီးမှု ၂ ကြိမ်အပြင် ကွာတားဖိုင်နယ်တွင် အရေးပါတဲ့ ပင်နယ်တီကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ ဝေးလ်ကို ၂-၀ ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာ ဒုတိယဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ရော်နယ်ဒို ဒဏ်ရာကြောင့် လူစားလဲလိုက်ရတဲ့ ဗိုလ်လုပွဲမှာ ပေါ်တူဂီအသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး အိမ်ကွင်းပြင်သစ်ကို အနိုင်ယူကာ မထင်မှတ်ဘဲ အောင်ပွဲခံနိုင်ခဲ့ပါတယ်။

ထို့နောက်  သူ့ရဲ့ကစားသမားဘဝ လက်ကျန် ၈ နှစ်တာကာလအတွင်း ပုံမှန်အတိုင်းလုပ်ခဲ့ပြီး စပို့တင်းအတွက် ၂၀၁၉ တွင် ပေါ်တူဂီလိဂ်နှင့် လိဂ်ဖလားနှစ်ကြိမ်ရယူကာ သြစတြေးလျကလပ် မဲလ်ဘုန်းဗစ်ထရီ၊  အမေရိကန်ကလပ် အော်လန်ဒိုမှာ ကစားပြီးနောက် တူရကီသို့ ပြန်လည်ရောက်ရှိခဲ့ပါတယ်။

နာနီဟာ ကလပ်တွေအတွက် ၆၁၆ ပွဲတွင် ၁၂၈ ဂိုးသွင်းကာ ၁၄၅ ဂိုးဖန်တီးမှုခဲ့ပြီးနောက် စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ကစားသမားဘဝကနေ အနားယူခဲ့ပါတယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၁၁၂ ပွဲကစားကာ ၂၄ ဂိုးသွင်းယူပြီး ပေါ်တူဂီအသင်းအတွက် ပဉ္စမမြောက် ပွဲထွက်ကစားသမားစာရင်းတွင် ပါဝင်ခဲ့ပါတယ်။

နာနီဟာ ဆာအဲလက်စ် တားမြစ်ပိတ်ပင်ခဲ့တဲ့ နောက်ပြန်ကျွမ်းထိုးပုံဖြင့် ဂိုးသွင်းပြီးနောက် အောင်ပွဲခံမှုကိုလည်း ပြုလုပ်ခဲ့ပါသေးတယ်။  တောင်ပံကစားသမားဟာ ပေါ်တူဂီမှာ လူငယ်ဘောလုံးသမားတွေကို ခေါ်ယူဖို့နဲ့ မနှစ်က စပို့တင်း လူငယ်အသင်းမှာ လက်မှတ်ရေးထိုးခဲ့တဲ့ သား လူးကပ်စ်နှင့် ဇနီးသည်တို့အပါအဝင် သူ့ရဲ့မိသားစုဝင်တွေအတွက် အချိန်ပိုပေးသွားမယ်လို့ ကတိပြုထားပါတယ်။