The network connection is lost.

Banner Image

ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတဲ့ ဘရိုက်တန်ကြယ်ပွင့်ငါးဦး

ဘရိုက်တန်အသင်းက ၂၀၂၆-၂၀၂၇ ပရီးမီးယားလိဂ်ရာသီအတွက် ပြင်ဆင်နေချိန်မှာပဲ နောက်ထပ်ဒဏ်ရာပြဿနာထိုးနှက်ချက်တစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။

ဘရိုက်တန်အသင်းက AMEX Stadium ကွင်းမှာ ရိုးမားကို ၃-၀ ဂိုးဖြင့် သက်သောင့်သက်သာအနိုင်ယူပြီး အခုနွေရာသီ၊ သုံးပွဲကစား၊ ရာနှုန်းပြည့်အနိုင်ရရှိတဲ့စံချိန်ကို ဆက်ထိန်းထားပါတယ်။

ဒါပေမဲ့ ဒီနိုင်ပွဲက ရိုးမားကွင်းလယ်လူခရစ္စတန်တီနဲ့ ထိခိုက်မိကာ မင်တက်ချ် ဒဏ်ရာရရှိသွားလို့ နည်းပြဟာဇယ်လာအတွက် ပေးဆပ်မှု ကြီးမားသွားခဲ့ပါတယ်။

"ကစားသမားတစ်ဦး နာကျင်လွန်းလို့ ကွင်းတွင်းမှ ထွက်သွားရတယ်ဆိုတာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဓါတ်မှန်ရိုက်ကြည့်ဖို့အတွက် စောင့်ရပါဦးမယ်။ ကျွန်တော်ကတော့ များသောအားဖြင့် အကောင်းမြင်တတ်သူဆိုတော့ အကောင်းဆုံးကိုပဲ မျှော်လင့်ရင်း စောင့်ကြည့်သွားရပါလိမ့်မယ်" လို့ ဟာဇလာက ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဟာဇလာရဲ့ဒီသတင်းစကားက ဘရိုက်တန်ပရိသတ်တွေအတွက် ယုံကြည်မှုပိုင်း လျော့နည်းသွားစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟာဇလာကိုယ်တိုင် မီတိုမာ၊ ဇီမတ်စ်နဲ့ အီဗန်ဖာဂူဆန်တို့လည်း မကစားနိုင်သေးဘူးလို့ အတည်ပြုထားလို့ပါပဲ။ သူတို့အားလုံးက သြဂုတ် ၂၃ ရက်၊ အက်စတွန်ဗီလာကို အိမ်ကွင်းမှာဧည့်ခံရမယ့် ရာသီသစ်အဖွင့်ပွဲစဉ်ကို လွဲချော်ဖို့ သေချာနေပါတယ်။

အီဗန်ဖာဂူဆန်က ဝက်စ်ဟမ်းနဲ့ ရိုးမားတို့ဆီ အငှားသွားကစားပြီး ပြန်ရောက်လာလို့ သူသာ ကြံ့ခိုင်မှုပြည့်၀တယ်ဆိုတာ သက်သေပြနိုင်ရင် အသင်းမှာ ပိုပြီး အရေးပါတဲ့နေရာမှ ပါဝင်လာနိုင်ပါတယ်။ ဒါ့အပြင် ဘာလီဘာကလည်း ခြေချင်းဝတ်ဒဏ်ရာကြောင့် ဗီလာနဲ့ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေလို့ ဘရိုက်တန်မှာ ဒဏ်ရာရကစားသမား စုစုပေါင်း ငါးဦးအထိ ရှိလာပါတယ်။