
အသင်းရဲ့ ဗျူဟာကို လီဗာပူးလိုမျိုး လုပ်ဆောင်ဖို့ ယူနိုက်တက်ကို တိုက်တွန်းလိုက်တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်
အသက် ၂၇ နှစ်အရွယ်ရှိ ရက်ချ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ ရူဘင် အာမိုရင်ရဲ့ ပထမအသင်း လူစာရင်းကနေ ဖယ်ထုတ်ခံခဲ့ရပြီးနောက် ဒီနွေရာသီမှာ ဘာစီလိုနာအသင်းဆီ အငှားနဲ့ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ၂၀၁၆ ခုနှစ်မှာ ပထမအသင်းနဲ့ စတင်ခဲ့ပြီးနောက် ယူနိုက်တက်အသင်းနဲ့အတူ ဆုဖလား ၅ လုံး ရယူနိုင်ခဲ့ပေမဲ့ ဆာအဲလက်စ် ဖာဂူဆန် ထွက်ခွာသွားခဲ့တဲ့ ၂၀၁၃ ခုနှစ် နောက်ပိုင်းမှာတော့ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်တဲ့ အနေအထားမျိုး ရောက်အောင် ရုန်းကန်နေရပါတယ်။
အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ အသင်းရဲ့ ဆယ်စုနှစ်တစ်ခုအတွင်းမှာ ညီညွတ်မှုမရှိတာဟာ အသင်းရဲ့ အောင်မြင်မှု လျော့နည်းရတဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်လို့ ယုံကြည်နေပါတယ်။ ကလော့ပ်ကို ဆက်လက်ထိန်းသိမ်းခဲ့တဲ့ လီဗာပူးအသင်းရဲ့ ဆုံးဖြတ်ချက်ဟာ အတုယူစရာ အကောင်းဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကလော့ပ်ဟာ လီဗာပူးကို ၉ နှစ်အတွင်း ဆုဖလား ၇ လုံး ရယူပေးခဲ့တာပဲ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်က “ဘယ် အောင်မြင်တဲ့အသင်းက အလိုက်သင့်ပဲ နေသွားတာလဲဆိုတာ ကျွန်တော့်ကို ပြပါ” “ဆာအဲလက်စ် ဖာဂူဆန် နည်းပြလုပ်ခဲ့တဲ့ အချိန်တုန်းက ပထမအသင်းအတွက် နိယာမတွေ ရှိရုံသာမကဘဲ အကယ်ဒမီ တစ်ခုလုံးကိုလည်း အဲ့ဒီလိုမျိုး လုပ်ထားခဲ့ပါတယ်။ ဒါကြောင့် ၁၅ နှစ်နဲ့ အထက် ကစားသမားတွေကို ရွေးချယ်နိုင်ခဲ့ပါတယ်”
“အချိန်အတန်ကြာ အောင်မြင်ခဲ့တဲ့ ဘယ်အသင်းကိုမဆို ကြည့်လိုက်ပါ။ သူတို့မှာ နိယာမတွေ ရှိပါတယ်။ ဘယ်နည်းပြ၊ ဘယ်ကစားသမား ရောက်လာလာ ဒီနိယာမတွေကို လိုက်နာရပါလိမ့်မယ်” “ဒါပေမဲ့ တချို့အချိန်တွေမှာ ကျွန်တော် ခံစားရတာကတော့ ယူနိုက်တက်အသင်းဟာ ကျွန်တော်တို့တွေက အနိုင်ရချင်နေပါတယ်။ ဒါကြောင့် ဒီစနစ်နဲ့ ကိုက်ညီမယ့် ကစားသမားတွေကို အမြဲတမ်း ကြိုးစားပြီး ခေါ်ယူလေ့ရှိပါတယ်။ ဒါပေမဲ့ ဒါက ယာယီတုံ့ပြန်မှုသက်သက်ပဲ ဖြစ်ပါတယ်”
“သင့်ရဲ့ ဦးတည်ရာက အမြဲတမ်း ပြောင်းလဲနေမယ်ဆိုရင် လိဂ်ဖလားရယူဖို့ မျှော်လင့်လို့ မရပါဘူး။ ဖလားပြိုင်ပွဲတချို့ကိုတော့ အနိုင်ရကောင်း ရနိုင်ပါတယ်။ ဒါပေမဲ့ ဒါဟာ သင်မှာ ကောင်းမွန်တဲ့နည်းပြ၊ ကောင်းမွန်တဲ့ ကစားသမားတွေနဲ့ ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတွေ ရှိနေတာကြောင့် ဖြစ်ပါတယ်။ မတော်တဆ အနိုင်ရခဲ့တာမျိုး မဟုတ်ပါဘူး”
“ဒါကို လူတချို့က မေ့နေကြပါတယ်။ ဒါကြောင့် ဟုတ်ပါတယ်။ ကျွန်တော်တို့က ယူနိုက်တက်အသင်း ဖြစ်သင့်တဲ့ အနေအထားအောက်ကို ရောက်နေခဲ့တာကြာပါပြီ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၆ လအတွင်း ကျွန်တော် လုပ်နိုင်ခဲ့တဲ့ နောက်ပြန်ဆုတ်ပြီး ကြည့်ရမယ်ဆိုရင် သင်က ဘာကိုမျှော်လင့်ထားတာလဲ”
“လူတွေက ကျွန်တော်တို့အသင်းဟာ နှစ်ပေါင်းများစွာ အပြောင်းအလဲကာလအတွင်း ရောက်နေခဲ့တယ်လို့ ပြောကြပါတယ်။ အပြောင်းအလဲကာလထဲ ရောက်နေဖို့အတွက် အပြောင်းအလဲကို စတင်ဖို့လိုပါတယ်။ ဒါကြောင့် တကယ်တမ်း အပြောင်းအလဲက မစတင်သေးပါဘူး”
“လီဗာပူးက ဒီအပြောင်းအလဲကို ဖြတ်သန်းခဲ့တဲ့အခါမှာတော့ သူတို့ ကလော့ပ်ကို ခေါ်ခဲ့ပြီး ဆက်ပြီး ထိန်းသိမ်းခဲ့ပါတယ်။ အစပိုင်းမှာတော့ သူတို့ မနိုင်ခဲ့ပါဘူး။ လူတွေက နောက်ဆုံးနှစ်အနည်းငယ်အတွင်းမှာ မန်စီးတီးနဲ့ ယှဉ်ပြိုင်ပြီး ဖလားကြီးတွေ ရယူခဲ့တာကိုပဲ မှတ်မိနေကြတာပါ။ ကလော့ပ်ကလည်း ၃ နှစ်အထိ ဆုဖလားမရခဲ့တာ အမှန်ပါပဲ”
“အပြောင်းအလဲကို စတင်ဖို့အတွက် သင်က အစီအစဉ်ဆွဲပြီး လိုက်နာရပါမယ်။ ဒါကတော့ ကျွန်တော် ခံစားနေရတဲ့အရာပါပဲ။ ဒါက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဆင်မပြေတဲ့အခါမှာ ပရိသတ်တွေက ပြောင်းလဲဖို့ တောင်းဆိုလာကြပါတယ်”
“အသင်းမှာ နည်းပြတွေ အများကြီး၊ စိတ်ကူးတွေ အများကြီး၊ နည်းဗျူဟာတွေ အများကြီးနဲ့ အနိုင်ရဖို့ ကြိုးစားခဲ့ပါတယ်။ ဒါကြောင့် သင်ဟာ အလယ်မှာ ရောက်သွားပါတယ်။ ဘယ်သူမှ မရှိတဲ့ နေရာမှာ ရောက်ရှိသွားပါတယ်” လို့ ရက်ရှ်ဖို့ဒ်က ပြောဆိုသွားပါတယ်။