The network connection is lost.

Banner Image

လိုင်ယွန်စတားကို ထက်ဝက်ကြေးနဲ့ခေါ်ယူဖို့ မျက်စိကျနေတဲ့ ယူနိုက်တက် နဲ့ လီဗာပူး

သတင်းတွေအရ ယူနိုက်တက် နဲ့ လီဗာပူးအသင်းတို့ဟာ လိုင်ယွန်စတား ချာကီကို ထက်ဝက်ကြေးနဲ့ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။ ချာကီဟာ ဒီရာသီမှာ လိုင်ယွန်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ပြိုင်ပွဲစုံ ၃၉ ပွဲမှာ ၁၂ ဂိုးသွင်း ၊ ၁၈ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချာကီတစ်ယောက်  ယူနိုက်တက်နဲ့ ကွတားဖိုင်နယ် ၂ ကျော့စလုံးမှာလည်း စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပါတယ်။ 

ချာကီ နဲ့ လိုင်ယွန်တို့ကြား စာချုပ်သက်တမ်းက ၂၀၂၆ အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတာဖြစ်ပါတယ်။ သတင်းတွေအရ လိုင်ယွန် နဲ့ ချာကီတို့ကြား စာချုပ်ဖျက်သိမ်းကြေးပေါင် ၂၅ သန်းပေးချေမယ်ဆိုရင် ထွက်ခွာခွင့်ပေးရမယ်လို့ နှုတ်အားဖြင့် သဘောတူညီမှုရရှိထားတယ်လို့ သိရပါတယ်။ ချာကီကို ပရီးမီးယားလိဂ်ကလပ်တွေအပြင် အခြားထိပ်တန်းအသင်းတွေကလည်း ပစ်မှတ်ထားနေပါတယ်။ နွေရာသီမှာ ယူနိုက်တက် နဲ့ လီဗာပူးတို့ဟာ အလုပ်များဖွယ်ရှိနေပြီး အသင်းကို ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။

ဆာလက်ကတော့ လီဗာပူးအသင်းမှာ ဆက်နေခဲ့ပြီဖြစ်ကာ စလော့က နောက်ထပ်တိုက်စစ်အားသန်ကစားသမားတစ်ဦး ထပ်မံခေါ်ယူချင်နေပါတယ်။ အခုချိန်မှာတော့ ချာကီအနေနဲ့ လိုင်ယွန်အတွက် အာရုံစိုက်ရတော့မှာဖြစ်ပြီး လာမယ့်တနင်္ဂနွေနေ့မှာ စိန့်အက်တီယန်နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။