The network connection is lost.

Banner Image

အာဂျင်တီးနားအသင်းစီနီယာအသင်းထံကနေခေါ်ယူခြင်းခံလိုက်ရတဲ့ မန်စီးတီးစတား

မန်စီးတီးကစားသမားသစ် အီချာဗီရီတစ်ယောက် လာမယ့် ဥရုဂွေး ၊ ဘရာဇီးတို့နဲ့ကန်မယ့် အာဂျင်တီးနားအသင်းအတွက် ခေါ်ယူခြင်းခံလိုက်ရတယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်သားဟာ မန်စီးတီးမှာ ပွဲဦးထွက်ပါဝင်ခွင့်မရသေးပေမယ့် အခုလထဲမှာ စီနီယာအသင်းထံခေါ်ယူခြင်းခံလိုက်ရတာကြောင့် မက်ဆီ ၊ ဖာနန်ဒက်ဇ် ၊ မာတီနက်ဇ်တို့နဲ့အတူ ပွဲထွက်ခွင့်ရတော့မှာဖြစ်ပါတယ်။

အီချာဗီရီဟာ ယခင်တုန်းက ယူ - ၂၀ အသင်းမှာ ပါဝင်ခွင့်ရရှိနေတာဖြစ်ပြီး စွမ်းဆောင်ရည်ကောင်းတွေပြသနေတာကြောင့် အခုလိုမျိုး စီနီယာအသင်းမှာ ခေါ်ယူခြင်းခံလိုက်ရတာဖြစ်ပါတယ်။ ဘရာဇီးအသင်းက ချန်ပီယံဖြစ်ခဲ့ပေမယ့် ဆယ်ကျော်သက်ကွင်းလယ်ကစားသမားဟာ ပါဝင်ကစားတဲ့ ၉ ပွဲမှာ ၉ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ 

စီးတီးဟာ အီချာဗီရီကို ၂၀၂၄ ဇန်နဝါရီတုန်းက ရေးဗားပလိတ်အသင်းထံကနေ ပေါင် ၁၂.၅ သန်းနဲ့ခေါ်ယူခဲ့တာဖြစ်ပြီး လက်ကျန်ရာသီကို အငှားချထားခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာမှ ကစားသမားက စီးတီးထံပြောင်းလာခဲ့တာဖြစ်ပြီး ကျောနံပတ် ၃၀ ကို ဝတ်ဆင်မှာဖြစ်ပါတယ်။ အာဂျင်တိုင်းသားအနေနဲ့ စီးတီးနဲ့ပွဲဦးထွက်ပါဝင်ခွင့်ရဖို့ စောင့်ဆိုင်းရဖွယ်ရှိနေပြီး နိုင်ငံအသင်းအတွက်တော့ မကြာခင်မှာ ပါဝင်ခွင့်ရဖွယ်ရှိနေပါတယ်။ လာမယ့်စနေနေ့မှာ စီးတီးဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရမှဖြစ်ပြီး အာဂျင်တီးနားအသင်းကတော့ မတ်လ ၂၂ ရက်နေ့မှာ ဥရုဂွေးနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။