The network connection is lost.

Banner Image

လက်ရွေးစင်အသင်းမှာ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေရတဲ့ ကစားသမားကြောင့် လီဗာပူးအသင်းစိုးရိမ်နေ

လွန်ခဲ့တဲ့သီတင်းပတ်၊ ချဲလ်ဆီးကိုရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ကိုနာတေး ဒဏ်ရာရရှိသွားခဲ့ပါတယ်။ အခုသီတင်းပတ်၊ တနင်္လာနေ့ L’Equipe သတင်းဌာနရဲ့အဆိုအရ ဗဟိုခံစစ်မှူးမှာ ပေါင်အရှေ့ခြမ်းဒဏ်ရာပြဿနာတစ်ခု ရှိနေပြီး ပြင်သစ်လက်ရွေးစင်အသင်းကလည်း သူ့အခြေအနေကို လေ့လာအကဲဖြတ်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြင်သစ်လက်ရွေးစင်အသင်းလူစာရင်းမှာပါဝင်နေတဲ့ အမ်ဘာပေရဲ့အခြေအနေနဲ့ပတ်သက်လို့လည်း စိုးရိမ်စရာတွေ ရှိနေပါတယ်။

တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေမှာတော့ အသက်-၂၆ နှစ်အရွယ်ဗဟိုခံစစ်မှူးနဲ့ အမ်ဘာပေတို့ဟာ ပြင်သစ်ဆရာဝန် လီဂေါရဲ့ဆေးဝါးကုသမှုကို ခံယူခဲ့ကြပါတယ်။ ဒါကြောင့် သူတို့နှစ်ဦးလုံး လေ့ကျင့်ခန်းမဆင်းနိုင်ခဲ့ပါဘူး။ ဗုဒ္ဓဟူးနေ့အထိ နောက်ခံလူရော၊ တိုက်စစ်မှူးပါ ပြင်သစ်လက်ရွေးစင်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်ဆီ အပြည့်အဝမပူးပေါင်းနိုင်ခဲ့ပါဘူး။ ဒီလိုအစား သူတို့နှစ်ဦးလုံးက အပေါ့စားတစ်ဦးချင်းလေ့ကျင့်မှုတွေသာ ပြုလုပ်ခဲ့ပါတယ်။

ပြင်သစ်အသင်းက လာမယ့်သောကြာနေ့မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် အဇာဘိုင်ဂျန်နဲ့ရင်ဆိုင်ရဖို့ ရှိနေပြီး ဒီပွဲစဉ်ပါဝင်ကစားဖို့အတွက် ကိုနာတေးနဲ့ အမ်ဘာပေ နှစ်ဦးလုံး မသေချာသေးပါဘူး။ ပြင်သစ်လက်ရွေးစင်အသင်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးကတော့ အခုသီတင်းပတ်အတွင်း ပါဝင်ကစားဖို့အတွက် ကိုနာတေးထက်ပင် အမ်ဘာပေမှာ အခွင့်အရေးပိုများနေသေးတယ်လို့ ဆိုပါတယ်။

ပြင်သစ်နည်းပြဒက်စ်ချမ့်စ်ကိုယ်တိုင်လည်း ကိုနာတေး၊ အမ်ဘာပေတို့နဲ့ပတ်သက်လို့ ဘယ်လိုစွန့်စားမှုမျိုးကိုမှ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။ နောက်ခံလူရဲ့အခြေအနေတွေကြောင့် လီဗာပူးအတွက် စိုးရိမ်စရာတစ်ခု ဖြစ်ပေါ်လာပါလိမ့်မယ်။ ကြိုးကြာနီတွေက လာမယ့်ရက်ပိုင်းအတွင်း အခြေအနေတွေ ဘယ်လောက်အထိတိုးတက်လာသလဲဆိုတာကို အနီးကပ်စောင့်ကြည့်နေပါလိမ့်မယ်။