The network connection is lost.

Banner Image

ရီးရဲလ်နဲ့ ကိုပါဒယ်ရေးဖိုင်နယ်ကို လွဲချော်ဖွယ်ရှိနေတဲ့ ဘာစီလိုနာစတား

ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးတစ်ယောက် ဒဏ်ရာကြောင့် ၃ ပတ်လောက်နားရနိုင်ပြီး ရီးရဲလ်နဲ့ ကိုပါဒယ်ရေးဖိုင်နယ်ပွဲကို လွဲချော်ဖွယ်ရှိနေပါတယ်။  လီဝန်ဒေါစကီးဟာ ဒီရာသီဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၄၈ ပွဲမှာ ၄၀ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် စနေနေ့ညနေခင်းတုန်းက ဘာစီလိုနာဟာ ဆယ်လ်တာနဲ့ကန်ခဲ့ရပြီး လီဝန်ဒေါစကီးအနေနဲ့ တံကောက်ကြောကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

အစောပိုင်းသတင်းတွေအရ အသက် ၃၆ နှစ်သားရဲ့ဒဏ်ရာအခြေအနေကို အသင်းဘက်က ကြွက်သားဒဏ်ရာဖစ်လို့ စိုးရိမ်ခဲ့နေတယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းဘက်က စိုးရိမ်နေမှုဟာ အခုချိန်မှာအမှန်ဖြစ်လာခဲ့ပြီး လီဝန်ဒေါစကီးတစ်ယောက် ဘယ်ဘက်ပေါင်ခြံမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အဆိုပါဒဏ်ရာအခြေအနေကြောင့် ပိုလန်သားအနေနဲ့ ၃ ပတ်လောက်နားရနိုင်တယ်လို့ သိရပါတယ်။ ပြန်လည်ကြံ့ခိုင်မှုလုပ်ဆောင်ရမယ့်အနေအထားမှာ ဘာစီလိုနာအနေနဲ့ အင်တာနဲ့ချန်ပီယံလိဂ်ပထမအကျော့ပွဲအပြင် ရီးရဲလ်နဲ့ကိုပါဒယ်ရေးဖိုင်နယ်ပွဲကိုပါ လီဝန်ဒေါစကီးတစ်ယောက် လွဲချော်ဖွယ်ရှိနေပါတယ်။

ဒါ့အပြင် လာလီဂါပွဲစဉ်တွေဖြစ်တဲ့ မာယော့ကာ ၊ ဗယ်လာဒိုးလစ်နဲ့ပွဲတွေကိုလည်း လွဲချော်နိုင်တာဖြစ်ပါတယ်။ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ရင်တော့ အင်တာနဲ့ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲမှာ ပြန်လည်ပါဝင်လာဖွယ်ရှိနေပါတယ်။ ဖလစ်အတွက် ကံကောင်းတာက အိုလ်မိုတစ်ယောက် ပြန်လည်ကစားနိုင်နေသလို ဖာရန်တောရက်စ်ကော ၊ ရာဖင်ဟာကော ၊ ယာမဲလ်ပါ စွမ်းဆောင်ရည်ကောင်းတွေပြသနေကြတာဖြစ်ပါတယ်။